အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်မြောက်ပိုင်းရှိ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ (မေ ၂၃) ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံမှ ကျပ်သိန်းပေါင်း ၆၀၀၀ ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မြို့သိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီအခြေစိုက် တပ်စခန်းများမှ ထိုငွေကြေးအမြောက်အမြားကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောခွင့်ရသူက ယနေ့ညနေပိုင်းတွင် Myanmar Now ကို အတည်ပြုသည်။ ယခုလ ၁၅ ရက်က စတင်ခဲ့သည့် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော် သေဆုံးပြီး၊ ၄၀ ခန့် အရှင်ဖမ်းမိသည်၊ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးပြီး၊ ၁၀ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
Read Next
သတင်း
September 20, 2024
ကချင်ပြည်နယ်မြို့နယ်သုံးခုတွင်တိုက်ပွဲပြင်းထန်၊ စစ်တပ် လေကြောင်းမှ ခုခံ
သတင်း
September 16, 2024
ဖားကန့်မြို့ပေါ် လက်နက်ကြီးကျ၍ ဒေသခံ ၂ ဦး သေဆုံး
သတင်း
September 10, 2024
ဟိုတယ်တစ်ခုတွင် ပိတ်မိနေသည့် စစ်တပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်
သတင်း
September 9, 2024
ဖားကန့်တွင် တိုက်ပွဲပြင်းထန်၊ ငြိမ်းချမ်းရေးအကျိုးဆောင် ပစ်ခတ်ခံရ
သတင်း
August 27, 2024
မိုးမောက်နှင့် မံစီတွင် စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်