အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မင်းအောင်လှိုင်ပြန်လာနေပြီ၊ တော်လှန်ရေးအဖွဲ့များ စုပေါင်းခေါင်းဆောင်မှု အမြန်လိုနေ

ယခုအခါမင်းအောင်လှိုင်၏ တန်ပြန်ထိုးစစ် လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ရုရှားနှင့် တရုတ်ခေါင်းဆောင်များရှေ့မှောက် ဒူးထောက်အကူအညီတောင်းခဲ့သော အကျိုးကျေးဇူးများကိုစတင်ရရှိနေပြီ ဖြစ် သည်။

ယခုအခါမင်းအောင်လှိုင်၏ တန်ပြန်ထိုးစစ် လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ရုရှားနှင့် တရုတ်ခေါင်းဆောင်များရှေ့မှောက် ဒူးထောက်အကူအညီတောင်းခဲ့သော အကျိုးကျေးဇူးများကိုစတင်ရရှိနေပြီ ဖြစ် သည်။

“၁၀၂၇ စစ်ဆင်ရေး” တွင် စစ်တပ် အဓိက အထိနာ ကျဆုံးခဲ့ရသော ဒရုန်းစစ်ဆင်ရေး စွမ်းရည်ကို ရုရှားနှင့် တရုတ်နည်းပညာအကူအညီများဖြင့် အချိန်တိုအတွင်း တည်ဆောက်မြှင့်တင်မှုများ လုပ်ဆောင်နိုင်ခဲ့ ပြီးတန်ပြန်အသာစီးရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောတစ်နှစ်ကတော်လှန်ရေးအင်အားစုများ၏ အားသာချက်သည် ယခုအခါ စစ်တပ်၏ အားသာချက်အဖြစ်ပြောင်းလဲသွားခြင်းက တော်လှန်ရေးအပေါ် အန္တရာယ်ကြီး ဖြစ်လာနေပြီ ဖြစ်သည်။

မင်းအောင်လှိုင်၏တန်ပြန်ထိုးစစ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်ဝင်ပေါက် “မိုးဗြဲထိုးစစ်” ၊ ရှမ်းမြောက် ဝင်ပေါက် “နောင်ချိုထိုးစစ်” ၊ ကချင်ပြည်နယ်၏ ရတနာသိုက်ရှိရာ “ဖားကန့်ထိုးစစ်”၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းနယ်စစ် “သပိတ်ကျင်းထိုးစစ်”စသဖြင့် စစ်အင်အားအလုံးအရင်းဖြင့် မေလ ကတည်းက စတင်ခဲ့ရာ၊ ယခုအခါတော်လှန်ရေးအင်အားစုများ တစ်နှစ်ကျော် သိမ်းပိုက်ထိန်းချုပ်ထားသော မိုးဗြဲ၊နောင်ချိုနှင့် သပိတ်ကျင်းမြို့များကို စစ်ကောင်စီတပ်များပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ စင်စစ် စစ်တပ်၏ တန်ပြန် ထိုးစစ်လှိုင်းများကိုတော်လှန်ရေးတပ်များ ရင်ဆိုင်ရမည်မှာ ကြိုတင်မျှော်မှန်းနိုင်သော အချက်ဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေးသည်တော်လှန်ရေးအင်အားစုများကြား ပေါင်းစုနိုင်ခြင်းကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုပေါင်းစုမှုပြေလျော့သည်ကို အခွင့်ယူ၍ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်နွှဲနေပြီဖြစ်ကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Related Articles

Back to top button