အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

‌ကိုဗစ်နိုင်တင်းကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကျန်းမာရေးဝန်ကြီးဟောင်းများ ပါဝင်လာ 

တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် ယခင်အစိုးရများလက်ထက်က ကျန်းမာရေးဝန်ကြီးဟောင်းများဖြစ်ကြသည့် ပါမောက္ခ ဒေါက်တာကျော်မြင့်နှင့် ပါမောက္ခ ဒေါက်တာဖေသက်ခင်တို့ ပါဝင်ပူးပေါင်းလာသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၂၃) ညပိုင်းထုတ်ပြန်ချက်အရ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် အထက်ပါကျန်းမာရေးဝန်ကြီးဟောင်းများ ပါဝင်ခဲ့သည်။ 

အဆိုပါထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့်သည် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဒေါက်တာဖေသက်ခင်မှာ ကျန်းမာရေးဆိုင်ရာအကျိုးဆက်များနှင့် ကျန်းမာရေးစနစ်အပေါ်သက်ရောက်မှုများ ကြိုတင်မှန်းပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံပေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည်။ 

ဒေါက်တာဖေသက်ခင် ဦးဆောင်သည့် အကြံပေးအဖွဲ့ကို ဧပြီလ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာကျော်မြင့်ဦးဆောင်သည့် အကြံပေးအဖွဲ့ကို ယခုစက်တင်ဘာ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်သည့် အဆိုပါညှိုနှိုင်းဆွေးနွေးပွဲတွင် ယခင်အစိုးရများလက်ထက်က ကျန်းမာရေးဝန်ကြီးဟောင်းများက အွန်လိုင်းမှတဆင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

“Covid-19 သည် လုံးဝပျောက်သွားခြင်းမျိုး မရှိဘဲ ကမ္ဘာပေါ်တွင် ဆက်လက်ရှိနေဦးမည်ဖြစ်သဖြင့် ရောဂါကာကွယ်ရန် မိမိတို့အားလုံးသည် နေထိုင်မှုပုံစံအသစ်ဖြင့် လိုက်လျောညီထွေစွာ နေထိုင်ရမည်ဖြစ်ကြောင်း” ဟု အဆိုပါဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့်က ပါဝင်ဆွေးနွေးခဲ့သည်။

ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်ဟောင်း ဒေါက်တာကျော်မြင့်သည် ဦးသန်းရွှေအစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော်တွင် ကျန်းမာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ ဒေါက်တာဖေသက်ခင်က ယနေ့အစည်းအဝေးတွင် သတင်းမီဒီယာများ၊ ပြည်သူများနှင့် ယခုထက် ပိုမိုဆက်သွယ်ကာ သတင်းပြန်ကြားနိုင်ရေး အကြံပြုဆွေးနွေးခဲ့သည်။ 

ကျန်းမာရေးဝန်ကြီးဟောင်းများ ဦးဆောင်လျက်ရှိသည့် အကြံပေးအဖွဲ့များ၏ အကြံပြုချက်များကို ရယူကာ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို လိုအပ်သလိုချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း လက်ရှိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်ဖြင့် လုပ်ဆောင်နေသော်လည်း အမှန်တကယ်လိုက်နာဆောင်ရွက်မှသာ (၂) ပတ်ကြာကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမည်ဖြစ်သည်ဟုလည်း ဒေါက်တာမြင့်ထွေးက ပြောသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၇,၂၉၂ ဦး တွေ့ရှိထားပြီး သေဆုံးသူ ၁၃၀ ရှိပြီဖြစ်ကာ စက်တင်ဘာ ၁ ရက်မှ ယနေ့အထိ ရက်ပေါင်း ၂၀ ကျော်အတွင်း ၁၂၄ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles