အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှု ဆက်လက်မြင့်တက်

မြန်မာနိုင်ငံတွင် ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းမှစ၍ တစ်ကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကူးစက်မှု တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အတည်ပြုလူနာအရေအတွက် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ 

ယနေ့ (ဩဂုတ် ၂၉) နံနက်ပိုင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အတည်ပြုလူနာ ၁၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ (ဩဂုတ် ၂၈) တွင် နံနက်ပိုင်း ၂၆ ဦးနှင့် ညနေပိုင်း ၁၅ ဦးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၁၆ ရက်မှ ယနေ့အထိ သီတင်းပတ်နှစ်ခုအတွင်း စုစုပေါင်းအတည်ပြုလူနာ ၂၈၂ ဦးအထိရှိလာခဲ့ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်းလူနာအရေအတွက် ၆၅၆ ဦးအထိရှိလာခဲ့သည်။ 

ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပွားချိန်ဟု ပြောဆိုကြသည့် ဩဂုတ်လ ၁၆ ရက်နောက်ပိုင်းတွေ့ရှိသည့် အတည်ပြုလူများတွင် ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး စုစုပေါင်း ၂၄၆ ဦးရှိသည်။ 

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်၊ မောင်တော စသည့်မြို့နယ်များပါဝင်သည်။

ရခိုင်ပြည်နယ်ပြင်ပအနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ရေစကြို၊ မန္တလေးတွင် အောင်မြေသာစံ၊ ကျောက်ပန်းတောင်း၊ နေပြည်တော်လယ်ဝေး၊ စစ်ကိုင်းတွင် ကန့်ဘလူ၊ ကလေး၊  ချင်းပြည်နယ်တွင် တီးတိန်၊ ဟားခါး၊ ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူ၊ ရှမ်းပြည်နယ်တွင် မူဆယ်နှင့် တောင်ကြီး၊ မွန်ပြည်နယ်တွင် ကျိုက်မရော၊ ဘီးလင်း၊ ပေါင်၊ မော်လမြိုင်နှင့်  ရန်ကုန်တိုင်းဒေသကြီးတွင် ဗိုလ်တထောင်၊ တာမွေ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ကမာရွတ်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ သင်္ဃန်းကျွန်း၊ ရန်ကင်း စသည့်မြို့နယ်များ ပါဝင်သည်ကို တွေ့ရသည်။ 

သို့သော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ နေရာဒေသအမည်ပါသော်လည်း အတည်ပြုလူနာအများစုမှာ အသွားအလာကန့်သတ်ထားသူများဖြစ်သည်။ 

တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်မှုအများဆုံးဖြစ်သည့်အတွက် သတိထားသွားလာကြရန်နှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များလိုက်နာရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button