အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမ်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်း 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တာဝန်ထမ်း‌ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းသုံးဦးကို (ဩဂုတ် ၉) တွင် တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး နှစ်ဦးကို ပြန်လွှတ်လိုက်ပြီဖြစ်သော်လည်း ကျန်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု လွတ်မြောက်လာသူများက ပြောသည်။

အမ်းမြို့နယ်အတွင်းရှိ ကျောက်မြောင်းကျေးရွာကျန်းမာရေးဌာနမှ ကိုငြိမ်းလင်းဇော်၊ ချစ်ပုံမကျေးရွာ ကျန်းမာရေးခွဲမှ ကိုကျော်မင်းထွန်းနှင့် ပြည်တော်ကြီးကျေးရွာကျန်းမာရေးဌာနခွဲမှ ကိုမင်းကျော်နိုင်တို့ သုံးဦးသည် ကျန်းမာရေးသင်တန်း တက်ရောက်ရန် အမ်းမြို့သို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အမ်းမြို့မှ တစ်မိုင်ခန့်အကွာရှိ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် ကနဦးဖမ်းဆီးစစ်ဆေးပြီးနောက် အမည်မသိ နေရာတစ်ခုသို့ မျက်နှာဖုံးစွပ်ကာ ခေါ်ဆောင်သွားကာ ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့သည်ဟု ယနေ (ဩဂုတ် ၁၀) နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည့် ကိုငြိမ်းလင်းဇော်နှင့် ကိုမင်းကျော်နိုင်က ပြောသည်။ 

ကိုကျော်မင်းထွန်းကိုမူ AA နှင့်ပတ်သက်မှုရှိနေသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၎င်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိဟု လွတ်မြောက်လာသူနှစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျော်မင်းထွန်းကိုတော့ ကားတစ်စီးနဲ့ ခေါ်သွားတယ်။ ကျော်မင်းထွန်းဟာ AA နဲ့ ချက်ဘောက် (WeChat) ကနေ အဆက်အသွယ်လုပ်ထားတဲ့စာတွေ ရှိတယ်ဆိုပြီးတော့ သူတို့(တပ်မတော်)က ပြောပါတယ် ” ဟု လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ကိုငြိမ်းလင်းဇော်က ပြောသည်။

ကိုကျော်မင်းထွန်းသည် ရသေ့တောင်မြို့နယ်မှဖြစ်ပြီး အမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သည်။ ထိုသို့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖမ်းဆီးခံနေရသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်းနှင့် တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်မိသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ လွတ်လာပေမဲ့ စိတ်မကောင်းဘူး။ နောက်ပြီးတော့ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တယ်။ သူရဲ့ လုံခြုံရေးကိုလည်း သိပ်စိုးရိမ်ပါတယ်”ဟု ကိုငြိမ်းလင်းဇော်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် သြဂုတ် ၅ ကလည်း ပေါက်တောမြို့နယ်၊ သုံးပတ်ချိုင်ကျေးရွာက အသက် ၂၅ အရွယ် ကိုအောင်သိန်းထွန်းဆိုသူကို AA နှင့်ပတ်သက်သော သတင်းအချက်အလက်များပါရှိသည့် ဖုန်းနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်မှ သြဂုတ် ၅ အထိ AA နှင့်ပတ်သက်သူ (သို့မဟုတ်) အမာခံ (သို့မဟုတ်) တပ်ဖွဲ့ဝင်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ၂၄ ဦးအထိရှိသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button