အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လားရှိုးမြို့အနီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးရှိ ကုန်းဆာကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျည်ဆန်ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် အသက် ၄၂ နှစ်အရွယ် ရွာသားတစ်ဦး သေဆုံးသွားခဲ့သည်။

ယမန်နေ့ နာရီ ဝန်းကျင်က ကျေးရွာအနီးရှိ လယ်တောမှ ပြန်လာသည့် ကလေးနှစ်ဦး၏ဖခင် ဦးလုံးအေးဆိုသူသည် သူ၏နေအိမ် တံခါးဝတွင် အိမ်နီးချင်းတစ်ဦးနှင့် ရပ်တန့် စကားပြောနေစဉ် လက်နက်ကြီးအမြောက်ဆန်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏အလောင်းကို လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းလူငယ် ဥက္ကဋ္ဌ ဦးစိုင်းဟန်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ဒေသများသည် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ပူးပေါင်းသည့် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။ ကုန်းဆာရွာ၏ ဘုန်းကြီးကျောင်းတွင်လည်း တပ်မတော်ခြေလျင်တပ်ရင်း ခလရ ၆၈ လည်း တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

သို့သော် အရပ်သား သေဆုံးသည့် အဆိုပါပစ်ခတ်မှုကို မည်သည့်ဘက်က ပြုလုပ်ခဲ့သည်ကိုတော့ နှစ်ဖက်စလုံးက ဝန်ခံပြောကြားခြင်း မရှိသေးပါ။

မြောက်ပိုင်းမဟာမိတ်တပ်များနှင့်  မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်းဆာကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ရွာမှာ ဒေသခံ ၈၀၀ ကျော်သည် လားရှိုးမြို့မှ မိုင်ခန့် ဝေးသည့်  မိုင်းတိမ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြပြီး အကူအညီများ လိုအပ်နေသည်ဟု ဦးစိုင်းဟန်က ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့ကလည်း လားရှိုးသိန္နီ လမ်းပိုင်း လားရှိုးမြို့အနီးတွင် နှစ်ဖက်တိုက်ပွဲအကြား သွားရောက်ကူညီသည့် လားရှိုးလူငယ်များကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့် ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး အဖွဲ့ဝင် ဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၁၅ ရက်နေ့က  ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါးခုကို ကိုးကန့်တပ် (MNDDA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း/ပလောင်တပ်(TNLA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က စတင်တိုက်ခိုက်လိုက်ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်သား ၉ ဦး၊ ရဲ ဦး၊ အရပ်သား ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၈၂၁ ခန့် ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံး ပြောရေးဆိုရ ပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ပြီးခဲ့သည့်အပတ် သောကြာနေ့က နေပြည်တော်ွင် သတင်းထောက်များအား ပြောခဲ့သည်။ ၎င်းက မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ခိုက်မှုကိုအကြမ်းဖက်လုပ်ရပ်ဟုလည်း  အပြစ်တင် ဝေဖန်ခဲ့သည်။

တအာင်း/ပလောင်တပ် TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်က ၎င်းတို့လှုပ်ရှားသည့် နယ်မြေအတွင်း အစိုးရစစ်တပ်၏ ထိုးစစ်ဆင်နေမှုများကြောင့် ခုခံကာကွယ်သည့် ပုံစံ တန်ပြန်ထိုးစစ်ဆင်ရခြင်းဖြစ်သည်ဟု Myanmar Now ကို ပြီးခဲ့သည့်သီတင်းပတ်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button