သတင်း

လူထုကြား ဝေဖန်မှုမြင့်တက်နေသည့် နေပြည်တော်သက်ငယ်မုဒိမ်းမှုအတွက် ရန်ကုန်တွင် ဆန္ဒပြ

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းတွင် တက်ရောက်နေသော အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ဇူလိုင်လ ၆ ရက် (ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့နေလူထု ၃၀၀၀ ခန့်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်သူများသည် မင်္ဂလာဒုံမြို့နယ်၊ မင်းဓမ္မလမ်းရှိ ကျောက်တော်ကြီးဘုရားရှေ့တွင် စတင်စုရုံးပြီး အင်းစိန်မြို့နယ် မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးရှေ့သို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

Facebook လူမှုကွန်ရက် အသုံးပြုသူများနှင့် ပြည်သူလူထုက နစ်နာသူ ကလေးငယ်၏ အမည်အရင်းအစား ဗစ်တိုးရီးယားဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ပြည်သူလူထုကြားတွင် စိတ်ဝင်စားမှု မြင့်တက်နေသည့် အဆိုပါ ကလေးငယ်၏ အမှုအတွက် “Justice for Victoria” အမည်ရှိ facebook စာမျက်နှာတစ်ခု ဇွန်လ ၁၀ ရက်နေ့တွင် စတင်ပေါ်ပေါက်လာပြီး အမှုနှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် သတင်းများကို စုစည်း ဖော်ပြနေသည်။ ယနေ့ ဇူလိုင်လ ၆ ရက်နေ့အထိ ယင်း စာမျက်နှာကို Like လုပ်ထားသူ ၁၃၅,၀၀၀ ကျော် ရှိသည်။

ယခု ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးကို နေပြည်တော်အကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ၊ ဗိုလ်တထောင်မြို့နယ်နေ အသက် ၃၃ နှစ်အရွယ် မဣန္ဒြေခင်က ယခုကဲ့သို့ ဆန္ဒပြပွဲမျိုးတွင် ပထမဆုံးအကြိမ် ပါဝင်ဖူးခြင်းဖြစ်ကြောင်း၊ ကိုယ်တိုင်လည်း အသက် ၈ ရှစ်အရွယ် သမီးရှိသည့် မိခင်တစ်ဦးဖြစ်သည့်အတွက် သက်ငယ်မုဒိမ်းမှုများကို အာဏာပိုင်များက အလေးအနက်ထား ကိုင်တွယ်စေလိုကြောင်း Myanmar Now ကိုပြောသည်။

ပြည်သူလူထုက စိတ်ဝင်စားမှု မြင့်တက်နေသည့် အမှုကိစ္စဖြစ်သည့်အတွက် တရားစီရင်ရေးက သက်ငယ်မုဒိမ်းမှုများအတွက် ဥပမာထား ကိုင်တွယ်စေလိုကြောင်း၊ ပွင့်လင်းမြင်သာမှုလည်း ရှိစေလိုကြောင်း ပြောသည်။

မုဒိမ်းမှုဆိုရင် လုံးဝ အပြစ်ကြီးကြီး ပေးပေးပါ။ လုပ်တဲ့သူဟာ နောက်မလုပ်ရဲအောင်ဟု ၎င်းကပြောသည်။

Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းသည် တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့်အတွက် အရေးယူသွားမည်ဟုလည်း ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် နှစ်ပတ်တစ်ကြိမ် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

အမှုကိစ္စကို တရားဥပဒေ စိုးမိုးမှု အဖွဲ့အစည်းများက ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ကိုစောချစ်သက်ထွန်းက သူတို့အလုပ်ကို သူတို့ မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် ဒါ (ဆန္ဒပြပွဲ)တွေက ဖြစ်လာစရာ အကြောင်းမရှိဘူး။ မှန်မှန်ကန်ကန် မလုပ်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ ဒီလိုလှုပ်ရှားမှုတွေက ထပ်မံပေါ်ပေါက်လာမှာပဲဟု ပြောသည်။

ဆန္ဒပြသူများသည် အဆိုပါ အမှုအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေး၊ အလားတူ သက်ငယ်မုဒိမ်းမှုများ ထပ်မံမဖြစ်ပွားစေရေး၊ ကလေးငယ်များအတွက် လွတ်လပ်လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးပေးရေး စသည့် ကြွေးကြော်သံများနှင့်အတူ ချီတက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒပြပွဲသည် မည်သည့် အသင်းအဖွဲ့နှင့် နိုင်ငံရေးပါတီကိုမျှ ကိုယ်စားမပြုကြောင်း၊ ကျူးလွန်သည့် တရားခံအစစ်အမှန်ကို မှန်မှန်ကန်ကန် အရေးယူပေးစေလိုခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို လိုလားသည့်အတွက် သာမန်ပြည်သူတစ်ဦး အနေဖြင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ တစ်ဦးလည်းဖြစ်၊ အထက်တန်းရှေ့နေတစ်ဦးလည်းဖြစ်သည့် စောချစ်သက်ထွန်းက Myanmar Now ကိုပြောသည်။

စစ်နေတဲ့ပုံစံက တဖြည်းဖြည်းနဲ့ နည်းနည်းကွဲလွဲချက်တွေ အားနည်းချက်တွေ ရှိလာတဲ့အတွက်၊ နောက်ပြီးတော့ ဒီသက်ငယ်မုဒိမ်းမှုတွေဟာ တရားဥပဒေစိုးမိုးမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။ အဲဒါကြောင့် အခြားအမှုတွေထက်စာရင် ပိုပြီးတော့ ပါဝင်လာရခြင်း ဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

မေလ ၁၆ ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) က ကိုင်တွယ်စစ်ဆေးခဲ့ပြီး Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဆရာမ၏ ကိုယ်ပိုင်ကားယာဉ်မောင်း အောင်ကျော်မျိုး(ခ)အောင်ကြီးကို ရဲတပ်ဖွဲ့က ကျူးလွန်သူအဖြစ် စွပ်စွဲပြီး ဇူလိုင်လ ၄ ရက်တွင် ပုဒ်မ ၃၇၆ ဖြင့် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုတင်ခဲ့သည်။ ရဲတပ်ဖွဲ့၏ အမှုစုံစမ်းဖော်ထုတ်မှု၊ သံသယရှိသူအဖြစ် အောင်ကြီးကို တရားစွဲတင်မှုတို့နှင့် ပတ်သက်၍ ပြည်သူလူထုကြားတွင် ဝေဖန်မှုများ မြင့်တက်နေသည်။

ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးကို ရဲက အစောပိုင်းတွင် တစ်လနီးပါးထိန်းသိမ်းခဲ့ပြီးနောက် သက်သေမခိုင်လုံဟု ဆိုကာ ပြန်လွှတ်ပေးခဲ့ပြီးမှ ပြန်ဖမ်းဆီးခြင်းဖြစ်သည်။ ကိုအောင်ကျော်မျိုး၏ မိဘများကမူ ၎င်း၏သားတွင် အပြစ်မရှိဟု ယုံကြည်ကြောင်း အခိုင်အမာပြောသည်။ 

ယခု ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးကို နေပြည်တော်အကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ၊ ဗိုလ်တထောင်မြို့နယ်နေ အသက် ၃၃ နှစ်အရွယ် မဣန္ဒြေခင်က ယခုကဲ့သို့ ဆန္ဒပြပွဲမျိုးတွင် ပထမဆုံးအကြိမ် ပါဝင်ဖူးခြင်းဖြစ်ကြောင်း၊ ကိုယ်တိုင်လည်း အသက် ၈ ရှစ်အရွယ် သမီးရှိသည့် မိခင်တစ်ဦးဖြစ်သည့်အတွက် သက်ငယ်မုဒိမ်းမှုများကို အာဏာပိုင်များက အလေးအနက်ထား ကိုင်တွယ်စေလိုကြောင်း Myanmar Now ကိုပြောသည်။

ပြည်သူလူထုက စိတ်ဝင်စားမှု မြင့်တက်နေသည့် အမှုကိစ္စဖြစ်သည့်အတွက် တရားစီရင်ရေးက သက်ငယ်မုဒိမ်းမှုများအတွက် ဥပမာထား ကိုင်တွယ်စေလိုကြောင်း၊ ပွင့်လင်းမြင်သာမှုလည်း ရှိစေလိုကြောင်း ပြောသည်။

မုဒိမ်းမှုဆိုရင် လုံးဝ အပြစ်ကြီးကြီး ပေးပေးပါ။ လုပ်တဲ့သူဟာ နောက်မလုပ်ရဲအောင်ဟု ၎င်းကပြောသည်။

Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းသည် တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့်အတွက် အရေးယူသွားမည်ဟုလည်း ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သည့် နှစ်ပတ်တစ်ကြိမ် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

အမှုကိစ္စကို တရားဥပဒေ စိုးမိုးမှု အဖွဲ့အစည်းများက ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ကိုစောချစ်သက်ထွန်းက သူတို့အလုပ်ကို သူတို့ မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင် ဒါ (ဆန္ဒပြပွဲ)တွေက ဖြစ်လာစရာ အကြောင်းမရှိဘူး။ မှန်မှန်ကန်ကန် မလုပ်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ ဒီလိုလှုပ်ရှားမှုတွေက ထပ်မံပေါ်ပေါက်လာမှာပဲဟု ပြောသည်။

Facebook လူမှုကွန်ရက် အသုံးပြုသူများနှင့် ပြည်သူလူထုက နစ်နာသူ ကလေးငယ်၏ အမည်အရင်းအစား ဗစ်တိုးရီးယားဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ပြည်သူလူထုကြားတွင် စိတ်ဝင်စားမှု မြင့်တက်နေသည့် အဆိုပါ ကလေးငယ်၏ အမှုအတွက် “Justice for Victoria” အမည်ရှိ facebook စာမျက်နှာတစ်ခု ဇွန်လ ၁၀ ရက်နေ့တွင် စတင်ပေါ်ပေါက်လာပြီး အမှုနှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် သတင်းများကို စုစည်း ဖော်ပြနေသည်။ ယနေ့ ဇူလိုင်လ ၆ ရက်နေ့အထိ ယင်း စာမျက်နှာကို Like လုပ်ထားသူ ၁၃၅,၀၀၀ ကျော် ရှိသည်။

Show More

Related Articles

Back to top button