စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့တာကြောင့် ပဲခူးထောင်မှာ နှစ်နှစ်နီးပါး အကျဉ်းကျခံခဲ့ရတဲ့ ဝါရင့်အထက်တန်းပြဆရာမကြီး ဒေါ်အေးသက်ဟာ ထောင်ထဲမှာ ကိုဗစ်ရောဂါကို ဆေးဝါးမရှိဘဲ ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ရသလို မိခင်ကွယ်လွန်ချိန်မှာတောင် နောက်ဆုံးခရီး လိုက်ပို့ခွင့် မရခဲ့ပါဘူး။
ဒါပေမဲ့ ဖိနှိပ်မှုတွေကြားမှာတောင် ပညာရေးကို မစွန့်လွှတ်ခဲ့ပါဘူး။ အကျဉ်းသားကျောင်းသားတွေကို ၁၀ တန်းစာ သင်ကြားပေးခဲ့သလို ထောင်တွင်းစာကြည့်တိုက်ကိုလည်း ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ လွတ်မြောက်လာပြီးနောက်မှာတော့ စစ်ကောင်စီရဲ့ စောင့်ကြည့်မှုတွေကြောင့် မိသားစုလိုက် နယ်စပ်ကို တိမ်းရှောင်ခဲ့ရပါတယ်။
ဒီအင်တာဗျူးမှာတော့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဆေးကုသခွင့်မရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အကျဉ်းသားအချင်းချင်း ဝိုင်းဝန်းမွေးဖွားပေးခဲ့ရတဲ့ ဖြစ်ရပ်၊ စစ်ကောင်စီလက်အောက်က ကျောင်းတွေမှာ ကလေးတွေကို ပညာသင်သင့်၊ မသင့်ဆိုတဲ့ ဝါရင့်ဆရာမတစ်ဦးရဲ့အမြင်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ပညာရေးမှာ မျိုးဆက်တစ်ခု ဒုက္ခကြုံနေရပြီဆိုတဲ့ အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
မေးမြန်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



