အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ကတရားစွဲသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး အာမခံပယ်ချခံရပြီး အင်းစိန်ထောင်သို့ ပို့ခံရ

သူ၏ Facebook အရေးအသားများက တပ်ကို ထိပါးစေသည်ဟုဆိုကာ တိုင်ကြားခံထားရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ အာမခံလျှောက်ထားမှုကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်တရားရုံးက ယနေ့တွင် ပယ်ချပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားလိုက်သည်။

လူသိများသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီးအား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အင်းစိန်ရဲစခန်းတွင် အမှုဖွင့်ထားပြီး အင်းစိန်တရားရုံးတွင် ပုဒ်မ ၅ဝ၅(က) ဖြင့်လည်း တရားစွဲရန် ဦးတိုက်လျှောက်ထားခဲ့သည်။

ရဲစခန်းက ၆၆(ဃ) အတွက် အာမခံပေးထားသော်လည်း တရားရုံးက ပုဒ်မ ၅ဝ၅ (က) အတွက် အာမခံပေးရန် ယနေ့ ငြင်းဆန်ခဲ့သည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) သည် ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။ အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅ (က) သည်  ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရားမလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့် ပတ်သက်ပြီး ရေးသားဖြန့်ချိမှု ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မင်းထင်ကိုကိုကြီးသည် ပြီးခဲ့သည့် လပိုင်းအတွင်းကမှ အသည်းခွဲစိတ်ကုသမှု ခံယူထားရသူဖြစ်ပြီး ဆေးရုံမှတ်တမ်းများဖြင့် အာမခံတင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု သူ၏ ရှေ့နေ ရောဘတ်စန်းအောင်က ပြောသည်။

“ခွဲစိတ်ထားရတယ်။ အသည်းတစ်ဝက်ကို ဖြတ်ထားရတယ်။ နေ့စဉ်နှင့်အမျှ ဆေးတွေ အများကြီးသောက်နေရတယ်။ အင်းစိန်ထောင်မှာ အထူးဆေးတွေမရဘူးဆိုရင် အသက်ဆုံးသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရေးသားနေသူဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို ဧပြီ ၂၅ ရက်တွင် ကြားနာရန် တရားရုံးက ချိန်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button