အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ရဲ့ ၂၈ နှစ်ပြည့် ဒီမိုကရေစီလှုပ်ရှားမှု

ရှစ်လေးလုံးအရေးတော်ပုံ ၂၈ နှစ်မြောက်နေ့ အမှတ်တရအစီအစဉ်တွေကို တနင်္လာနေ့က နိုင်ငံအနှံ့မှာ ကျင်းပခဲ့ကြပါတယ်။ ပြည်ပရောက်မြန်မာပြည်သားအများအပြားကလည်း သူတို့ ရောက်ရှိရာ ဒေသတွေမှာ အမှတ်တရအစီအစဉ်တွေ ပြုလုပ်ကြပါတယ်။

ရှစ်လေးလုံးနှစ်ပတ်လည်နေ့ နိုင်ငံအနှံ့၊ ပြုလုပ်ကြပုံကို အွန်လိုင်းမီဒီယာတွေမှာ ချက်ချင်းဆိုသလို ဖော်ပြကြပါတယ်။

အင်္ဂါနေ့မှာထွက်လာတဲ့ သတင်းစာ၊ ဂျာနယ်တွေမှာလည်း ဒီအကြောင်းအရာက မျက်နှာဖုံးသတင်းဖြစ်နေပါတယ်။ အစိုးရသတင်းစာတွေကတော့ အတွင်းပိုင်းမှာ ထည့်ပါတယ်။

ခြွင်းချက်တော့ ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်၊ တပ်မတော်ရဲ့အာဘော်ဖြစ်တဲ့ မြဝတီ စတဲ့ သတင်းစာနှစ်စောင်မှာတော့ ဒီမိုကရေစီအရေးလှုပ်ရှားသူများ အလေးထားကြတဲ့ ၈၈၈၈ သတင်းတွေ ထည့်သွင်းခြင်း မရှိပါဘူး။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သတင်းမီဒီယာတွေကို အဆွဲဆောင်ဆုံးကတော့ ရန်ကုန်မှာ ပြုလုပ်တဲ့ အခမ်းအနားတွေပါပဲ။

ဘာကြောင့်လဲဆိုတော့ ရန်ကုန်ဟာ ၈၈ အရေးတော်ပုံက အစပြုရာဒေသ ဖြစ်တဲ့အပြင် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အများစု အခြေစိုက်ကြတဲ့မြို့ဖြစ်နေလို့ပါပဲ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles