အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပထမဆုံးသော ၈လေးလုံးအထိမ်းအမှတ်ရုပ်တု ရန်ကုန်တွင်ဖွင့်

ပထမဆုံးသော ၈လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ရုပ်တုကို ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံတွင် ယနေ့ ( သြဂုတ်၈)တွင် ဖွင့်လှစ်ခဲ့သည်။

တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည့် နှစ်၃၀ပြည့်နေ့တွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါအထိမ်းအမှတ်သည် သမိုင်းဖြစ်စဉ်ကို ထင်ဟပ်စေမည့် အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

“ကလေးတွေကို လက်ဆွဲပြီး ပန်းခြံထဲဝင်တဲ့အခါ ဘာကြောင့်ရုပ်တု တွေထားကြသလဲ၊ အထိမ်းအမှတ်တွေ ထားကြသလဲ ဆိုပြီး အဲ့ဒီကလေးတွေ ပြေးရင်းလွှားရင်း မေးတဲ့အခါ သူတို့တွေ ဘာလုပ်ခဲ့လို့ ဒီကနေ့ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာကို ရှင်းပြကြဖို့ သမိုင်းမှတ်တမ်းဖြစ်ပါတယ်” ဟု ၈၈ အရေးတော်ပုံမှတဆင့် လူသိများလာခဲ့သည့် ကျောင်းသား ခေါင်းဆောင်ကပြောသည်။

ကျပ်သိန်း ၇၀ကျော် ကုန်ကျခဲ့သည့် အဆိုပါရုပ်တုဖွင့်ပွဲကို ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး နှင့် ကျောင်းသားသမဂ္ဂများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒေသခံ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

အဆိုပါ ရုပ်တု ဖြစ်မြောက်ရန် အချိန် ရှစ် ရက်ခန့် ယူခဲ့ရပြီး ငွေကျပ် ၇၂ သိန်းခန့် ကုန်ကျခဲ့သည်ဟု ၈.၈.၈၈ အရေးတော်ပုံရုပ်တုဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်သန့်က ပြောသည်။

“ဒီရုပ်တုရဲ့ အချွန်အတက်သင်္ကေတက မတရားတဲ့စိုးမိုးမှုကို ထိုးဖောက်သွားမယ့် သင်္ကေတဖြစ်တယ်။ ကြေးရောင်သုံးထားခြင်းက ရင့်ကျက်ခြင်း၊တန်ဖိုးကြီးမားခြင်းကို ဖော်ဆောင် တယ်။ ဒေါင်းပုံထည့်သွင်းထားတာက ရှစ်လေးလုံးစတင်ခဲ့တဲ့ကျောင်းသားတွေကို ကိုယ်စားပြုခြင်း ဖြစ်တယ်” ဟု ပုံရုပ်တုဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်သန့်က ပြောသည်။

ရုပ်တုသည် သံအကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကျောက်လွှာရှစ်ချပ်ကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button