အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိတ်ဖက်များအကြောင်း ဆွေးနွေးပွဲ

ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က “အိမ်အကူလုပ်ငန်းအား တန်ဖိုးထားခြင်း” ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲ တစ်ခုကို ကြာသပတေးနေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

ပုံတွင် တွေ့ရသူများမှာ

Three Good Spoons သင်တန်းကျောင်း တည်ထောင်သူ Mrs. Alison Carter ၊ ILO မြန်မာရုံး၏ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဝေနှင်းပို၊
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၂ ဦးဝင်းထွန်း၊ Triangle Women Support Group တည်ထောင်သူ ဒေါ်ခင်လေး၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သူ ဒေါ်ခင်နွေဦးတို့ ဖြစ်သည်။

အိမ်ဖော်ဟု အများက ခေါ်ဝေါ်သုံးနှုန်းကြသည့် အိမ်အကူ တို့၏ အခွင့်အရေး၊ အလုပ်ရှင်တို့၏ သဘောသဘာဝ၊ အလုပ်သမားဥပဒေ၊ ပြည်ပသို့ အိမ်အကူလုပ်သား စေလွှတ်မှု စသည်တို့မှာ အဓိက ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အိမ်အကူလုပ်ငန်းအား တန်ဖိုးထားခြင်း” ဆွေးနွေးပွဲဖိတ်ကြားလွှာ နိဒါန်းပိုင်းတွင် “သင့်အတွက် ညစာကို မည်သူချက်ပြုတ်ပေးသနည်း။ သင့်အဝတ်အစားများကို မည်သူလျှော်ဖွပ်ပေးပေးသနည်း။ သင့်အိမ်ကို မည်သူသန့်ရှင်းရေးလုပ်ပေးသနည်း။ ဤသို့ လုပ်ဆောင်ပေးသူများအား သင် လုပ်ခလစာ မည်မျှပေးသနည်း” ဟု ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button