သတင်း

ကန်ပက်လက် ပြည်သူ့လွှတ်တော်နေရာတွင် NLD အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင် အတည်ပြု

ချင်းပြည်နယ် ကန်ပက်လက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် အနိုင်ရသွားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ယနေ့နံနက်တွင် အတည်ပြုခဲ့သည်။

NLD မှ ဦးညွန့်ဝင်းသည် ပြိုင်ဘက် ပြည်ခိုင်ဖြိုး၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

လစ်လပ်နေရာ ၁၃ခုအတွက် ကျင်းပသည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် မဲရေတွက်ရန်ကျန်နေသည့် ကန်ပက်လက် မဲဆန္ဒနယ်၏ ရလဒ် မပါဝင်ဘဲ ယနေ့မှ အတည်ပြုနိုင်ခြင်းဖြစ်သည်။

လစ်လပ် မဲဆန္ဒနယ် ၁၃ ခုတွင် NLD က ၇ နေရာ၊ ပြည်ခိုင်ဖြိုးက ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် နှင့် တစ်သီးပုဂ္ဂလ တို့က ၁ နေရာစီ အနိုင်ရခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button