အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန်ပက်လက် ပြည်သူ့လွှတ်တော်နေရာတွင် NLD အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင် အတည်ပြု

ချင်းပြည်နယ် ကန်ပက်လက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် အနိုင်ရသွားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ယနေ့နံနက်တွင် အတည်ပြုခဲ့သည်။

NLD မှ ဦးညွန့်ဝင်းသည် ပြိုင်ဘက် ပြည်ခိုင်ဖြိုး၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်များကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

လစ်လပ်နေရာ ၁၃ခုအတွက် ကျင်းပသည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် မဲရေတွက်ရန်ကျန်နေသည့် ကန်ပက်လက် မဲဆန္ဒနယ်၏ ရလဒ် မပါဝင်ဘဲ ယနေ့မှ အတည်ပြုနိုင်ခြင်းဖြစ်သည်။

လစ်လပ် မဲဆန္ဒနယ် ၁၃ ခုတွင် NLD က ၇ နေရာ၊ ပြည်ခိုင်ဖြိုးက ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် နှင့် တစ်သီးပုဂ္ဂလ တို့က ၁ နေရာစီ အနိုင်ရခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button