အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်ရောက် လှေစီးဒုက္ခသည်တို့ကို နေရပ်ရင်း ပြန်ပို့မည်

(ရန်ကုန်) — မလေးရှားသို့ ဦးတည်ထွက်ခွာစဉ် စက်လှေပျက်ပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကမ်းခြေတစ်နေရာသို့ ဇွန်လ ၁၁ရက်တွင် ရောက်ရှိလာသည့် ဒုက္ခသည်များအနက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား မူလနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီးက သူ၏ Facebook စာမျက်နှာမှတဆင့် ဇွန် ၁၃ ရက်နေ့တွင် ကြေညာလိုက်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လှေစီးဒုက္ခသည်များကို ထိန်းသိမ်းထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့ရှိ ငါးခူရ ဒုက္ခသည် စခန်းသို့ ဇွန် ၁၂ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

စက်လှေဝမ်းဗိုက်ကွဲပြီး ကမ်းခြေသို့ အရေးပေါ်ဆိုက်ကပ်လာသည့် အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၅၂ ဦး၊ ကလေး ၁၇ဦး တို့ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝ၊ သာစည်ကျေးရွာအနီးတွင် အာဏာပိုင်များက ဇွန်လ ၁၁ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကနဦး စစ်ဆေးချက်အရ ၎င်းတို့သည် ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ မလေးရှားသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက ဇွန်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒုက္ခသည်များထဲတွင် မြန်မာနိုင်ငံ၌ အမှန်တကယ် နေထိုင်ခဲ့သူများပါဝင်လျှင် စိစစ်ပြီး သက်ဆိုင်ရာ ဆွေမျိုးများရှိရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ရေးသားထားသည်။

အစိုးရသတင်းဌာန၏အဆိုအရ ၂ဝ၁၅ မေလအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်အတွင်း တွေ့ရှိခဲ့သည့် လှေစီးဒုက္ခသည် ၁,ဝဝဝ နီးပါးကို ကယ်ဆယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည် ဟုဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button