ရိုဟင်ဂျာ
-
သတင်း
စစ်တွေ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါကြောင့် ၆ ဦး သေဆုံး
စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ပျံ့နှံ့မှုကြောင့် ရိုဟင်ဂျာ ခြောက်ဦး သေဆုံးသွားပြီး လူ ၂၀၀ ကျော် ကူးစက်ခံထားရသည်ဟု သိရသည်။
-
သတင်း
ရခိုင်တွင် လေကြောင်းနှင့် စစ်ကျန်လက်နက်ကြောင့် ဒေသခံ ၁၄ ဦးဒဏ်ရာရ
AA ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေရာ ယနေ့ နံနက်အစောပိုင်းက ဂွတွင် ဗုံးကြဲခံရပြီး စစ်တပ်၏ နယ်မြေရှင်းလင်းမှုများအတွင်း ရိုဟင်ဂျာများ အသတ်ခံခဲ့ရသည့် မောင်တော၊ အင်းဒင်ရွာအနီးတွင်လည်း စစ်ကျန်လက်နက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
-
သတင်း
စစ်တွေတွင် ရိုဟင်ဂျာများ ခရီးသွားလာခွင့် ကန့်သတ်ခံရပြီး စစ်မှုထမ်း စုဆောင်းခံနေရ
AA က ထိုးစစ်ဆင်မှုများရှိနေသည့် ပြည်နယ်မြို့တော်တွင် စစ်တပ်က ရိုဟင်ဂျာများကို ခရီးသွားခွင့် ကန့်သတ်ထားပြီး ယခင်လမှစတင်၍ တစ်အိမ်တစ်ဦး စစ်မှုမထမ်းမနေရ ညွှန်ကြားထားသည်။
-
သတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့များကို ဗုံးကြဲ၊ ရိုဟင်ဂျာ ၃ ဦးဒဏ်ရာရ
အာရက္ခတပ်တော် AA ထိန်းချုပ်မှုအောက်တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည် စတင်နေသော ကြောင့် နယ်မြေဒေသမတည်ငြိမ်အောင် ဗုံးကြဲခြင်းဖြစ်နိုင်သလို စစ်တပ် စခန်းဟောင်းများတွင် AA တပ်ဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ခန့်မှန်းချက်ဖြင့် ဗုံးကြဲချခြင်းဖြစ်နိုင်သည်ဟု မောင်တောဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။
-
ဆောင်းပါး
ရိုဟင်ဂျာနဲ့ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်တဲ့ စကားလုံးများ
ဖက်ဆစ်စစ်တပ်ရဲ့ မှိုင်းတိုက်မှုနဲ့ အမုန်းစွဲတွေ ဆယ်စုနှစ်များစွာ အမြစ်တွယ်ခဲ့အပြီးမှာ မတူကွဲပြားသူတွေကို လူအဖြစ်ကနေ တဆင့်လျှော့ချတဲ့ စကားလုံးတွေ၊ ဟောပြောချက်တွေ၊ အတွေးအခေါ်တွေ ဆက်လက်ရှင်သန်လာပါတယ်။



