ကရင်နီ
-
ရုပ်သံသတင်း
စွန့်ပစ်ခံ စစ်တပ်ရုပ်အလောင်းများ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ သင်္ဂြိုဟ်ပေးနေရ
ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြေမြှုပ်သင်္ဂြိုဟ်ပေးနေပါတယ်။ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်တွေ အလုံးအရင်း စစ်ကြောင်းထိုးလာတဲ့ အခုနှစ် မတ်လကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ…
-
ဆောင်းပါး
စစ်တပ်ထိန်းချုပ်မှုမှ လွတ်လာသည့် ကရင်နီဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ခြေလှမ်းများ
ဖက်ဒရယ်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကိုယ့်ပြည်နယ်ကိုယ် စီမံအုပ်ချုပ်သွားနိုင်သည်အထိ ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ရည်ရွယ်ထားသည်။
-
သတင်း
မယ်စဲ့ကို ပြန်သိမ်းလိုသည့် စစ်ကောင်စီ ထိုးစစ်ကြောင့် ရွာနှစ်ရွာ လက်လွှတ်ပေးလိုက်ရ
ဝေဟင်၊ မြေပြင်၊ အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် သံလွင်မြစ် (ဖားဆောင်း) အရှေ့ဘက်ကမ်းရှိ ကျောက်ပဲညိုနှင့် ဝမ်အောင်း (ရှမ်း) ရွာတို့မှ တော်လှန်ရေးသမားများ ဆုတ်ခွာပေးခဲ့ရသည်။
-
သတင်း
ဖရူဆိုလူသတ်ပွဲ တာဝန်ရှိသူဟု စွပ်စွဲခံရသည့် စစ်ဗိုလ်ချုပ်တဦး ရဲချုပ်ဖြစ်လာ
၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကရင်နီဒေသ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး အရပ်သား ၃၅ယောက်ကို အစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့ရာတွင် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည့် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်အား ရဲချုပ်အသစ်အဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက ယနေ့တွင် ကြေညာလိုက်သည်။ စစ်ကောင်စီ၏ ရဲချုပ်သစ်ဖြစ်လာသည့်…
-
သတင်း
စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများကို ထိုးစစ်အရှိန်မြှင့်ရန် စစ်ခေါင်းဆောင် အမိန့်ပေး
စစ်ကိုင်း၊ ချင်း နှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးလိုက်သည်။ အာဏာသိမ်းပြီးနောက် အဆိုပါဒေသ ၃ ခုသည်…



