ရုပ်သံသတင်း

စွန့်ပစ်ခံ စစ်တပ်ရုပ်အလောင်းများ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ သင်္ဂြိုဟ်ပေးနေရ

ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြေမြှုပ်သင်္ဂြိုဟ်ပေးနေပါတယ်။ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်တွေ အလုံးအရင်း စစ်ကြောင်းထိုးလာတဲ့ အခုနှစ် မတ်လကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို တကူးတက မဟုတ်ဘဲ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ကြုံရင်ကြုံသလို အရင်ကလည်း သင်္ဂြိုဟ်ပေးနေတာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ “မြေပြင်တိုက်ပွဲတွေမှာက ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ ချေမှုန်းတိုက်ခိုက်တဲ့အခါမှာ သူတို့ အသေအဆုံး များတယ်။ များလည်း သူတို့က သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို ပြန်ကောက်လေ့ကောက်ထ မရှိဘူး”

သတင်း၊ တင်ဆက် – စထွန်းအောင်

Show More

Related Articles

Back to top button