စစ်ကိုင်း
-
သတင်း
ကနီမြို့နယ်တွင် ဇွန် ၉ ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးသေ
တိုက်ပွဲအတွင်း မိုးသည်းထန်စွာရွာနေသော်လည်း တူမီးသေနတ်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လက်ချက်ဖြင့် စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်
-
သတင်း
ဒီပဲယင်းမြို့နယ်တွင် စစ်တပ်ဝင်စီး၊ ဒေသခံတို့ခုခံ၍ ပြန်လည်ဆုတ်ခွာ
အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက်ဝင်ရောက်စီးနင်းလျက်ရှိသည်
-
မေးမြန်းခန်း
အင်တာဗျူး၊ “ဒါက အာဏာလုတာအပြင် ဓားပြတိုက်နေတဲ့အနေအထားဖြစ်သွားပြီ”
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ရှာဖွေရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်စီးနင်းစဉ် ဒေသခံများက လက်လုပ်တူမီးသေနတ်များဖြင့် ပြန်လည်ခုခံရာ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းမာပင်မြို့နယ် စည်လှောင်ရွာတွင် ဇွန် ၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံအားလုံးနီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။…
-
သတင်း
ချောင်းဦးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများဦးဆောင်သူ လူငယ်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ
ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ကိုမာန်ဇာမြေမွန်ကို စစ်ကောင်စီက ယနေ့ (ဇွန် ၈) နံနက်ပိုင်းတွင် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ပေါင်တွင်ရရှိထားသော ဒဏ်ရာဖြင့်ပင် မုံရွာမြို့ရှိ စစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်
-
သတင်း
ယင်းမာပင်မြို့နယ်တိုက်ပွဲအတွင်း ဒေသခံနှစ်ဦးသေဆုံးပြီး စစ်သားငါးဦး ဖမ်းဆီးခံထားရ
စစ်တပ်၏ သုံးရက်တာစီးနင်းမှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးနှင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စစ်သားငါးဦးကို ဒေသခံများက လက်ရဖမ်းဆီးရမိခဲ့သည်