ကချင်ပြည်နယ်
-
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းသို့ မြစ်ရေဝင်ရောက်နေရာ ထောင်နှင့်ချီသောဒေခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရသည်၊ ကူညီကယ်ဆယ်သူ နည်းပါးနေသည်ဟု သိရသည်။ ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်အများစုရှိ နေအိမ်များထဲ ရေဝင်ရောက်လာသည့်အတွက် ယမန်နေ့ (ဇွန် ၃၀) ညပိုင်းမှစတင်ကာ ဒေသခံများ စတင်တိမ်းရှောင်နေကြရခြင်းဖြစ်သည်။…
Read More » -
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ၎င်း၏ မဟာမိတ်ဖြစ်သည့် ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) နှင့်အတူ ဇွန် ၂၅ ရက် နံနက်ပိုင်းက ဖားကန့်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်နေသည်။ ယမန်နေ့နံနက်က အင်အား ၅၀…
Read More » -
ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ အရေးပါသော စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်က သိမ်းပိုက်လိုက်သည်။ မြို့အနောက်တောင်ဘက် ဝှေခါကျေးရွာမှ အင်းတော်ကြီး အနောက်ဘက်ကမ်းအထိ မိုင် ၂၀…
Read More » -
တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ယမန်နေ့ (ဇွန် ၂၁) ညပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားသည်။ ဝိုင်းမော်နှင့် ကပ်လျက်တည်ရှိသည့် မြစ်ကြီးနားမြို့ပေါ်မှ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တချို့ နမ့်ဝါရွာအနီးရှိ ရာဘာတောထဲသို့…
Read More » -
မြန်မာနှင့် တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ပန်ဝါမြို့အနီးတွင် ဇွန် ၁၉ ရက် ညသန်းခေါင်ကျော်အချိန် မြေရှားသတ္တုတွင်းပြိုကျခဲ့သဖြင့် သတ္တုတွင်းအလုပ်သမား ၃၀ ထက်မနည်း မြေပြိုမှုထဲ ပါသွားကာ ပျောက်ဆုံးနေကြောင်း ပန်ဝါဒေသခံများထံမှ သိရသည်။ ပန်ဝါမြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့်…
Read More »




