ရွေးကောက်ပွဲ
-
ရွေးကောက်ပွဲရလဒ်ပယ်ဖျက်မှု ပြည်သူကို စော်ကားခြင်းဟု NLD တုံ့ပြန်
တစ်နိုင်ငံလုံး ကိုဗစ်ကြောင့် အသည်းအသန်ဖြစ်နေချိန် စစ်ကောင်စီက တရားမဝင်ရယူထားသည့် အာဏာတည်မြဲရေးအတွက် ပြည်သူအများအပြား မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်သည်
-
ရွေးကောက်ပွဲရလဒ်ကို လက်ခံကြရန် စောင့်ကြည့်အဖွဲ့များ တိုက်တွန်း
နိုင်ငံရေးမတည်ငြိမ်မှုကို ရှောင်ရှားပြီး လွှတ်တော်ခေါ်ယူရေးနှင့် အစိုးရသစ်ဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ချောမွေ့စေရေး ရွေးကောက်ပွဲရလဒ်ကို လက်ခံကာ ပူးပေါင်းဆောင်ရွက်ကြရန် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ၁၂ ဖွဲ့က ပူးတွဲတိုက်တွန်းလိုက်သည်
-
ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့် ဒီမိုကရေစီစံထုံးများကို လိုက်နာကြရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို တိုက်တွန်းလိုက်သည်။ မြန်မာပြည်တွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများအား ၎င်းအနေဖြင့် စိုးရိမ်တကြီးစောင့်ကြည့်နေကြောင်း၊ သွေးထိုးခြင်းနှင့် လှုံ့ဆော်ခြင်းကို…
-
၇၂ နာရီအတွင်း စိုးရိမ်ဖွယ်ရာ နိုင်ငံရေးမုန်တိုင်းရှိနေ
လွှတ်တော်သစ်များ စတင်ပြီး အစိုးရသစ်ဖွဲ့စည်းတော့မည့်အချိန်တွင် တပ်မတော်က မဲစာရင်းအားနည်းချက် အကြောင်းပြုကန့်ကွက်လာပြီးနောက် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် အင်အားပြမှုများဖြင့် နိုင်ငံရေးအခြေအနေ တင်းမာလျက်ရှိသည်
-
ဒီမိုကရေစီစံနှုန်းများ လိုက်နာရန် တပ်မတော်ကို သံရုံးများ တိုက်တွန်း
တပ်မတော်က ရွေးကောက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်လာချိန်တွင် တပ်မတော်က ဒီမိုကရေစီစံနှုန်းများ လိုက်နာသင့်ကြောင်း သံရုံးများ စုပေါင်းထုတ်ဝေသည့် ကြေညာချက်ထွက်ပေါ်လာသည်