အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့် ဒီမိုကရေစီစံထုံးများကို လိုက်နာကြရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို တိုက်တွန်းလိုက်သည်။

မြန်မာပြည်တွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများအား ၎င်းအနေဖြင့် စိုးရိမ်တကြီးစောင့်ကြည့်နေကြောင်း၊ သွေးထိုးခြင်းနှင့် လှုံ့ဆော်ခြင်းကို မည်သည့်ဘက်ကမှမပြုလုပ်ဘဲ ခေါင်းဆောင်မှုအရည်အသွေးကို ပြသစေလိုကြောင်း ယမန်နေ့ကထုတ်ပြန်သည့် ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ဥပဒေဘောင်အတွင်းကသာ ဖြေရှင်းသင့်ကြောင်း၊ မြန်မာပြည်သူများလိုလားတောင့်တနေသော ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးရရှိရေး၊ လူသားချင်းစာနာထောက်ထားသည့် လုပ်ဆောင်မှုများ၊ အလုံးစုံခြုံလွှမ်းသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအမံများနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို ကုလသမဂ္ဂအဖွဲ့ကြီးက ထပ်လောင်းအတည်ပြု ထောက်ခံပါကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles