ရွေးကောက်ပွဲ
-
စစ်ကောင်စီက ဘာသာရေးကို နိုင်ငံရေးအတွက် ပေါ်တင်အသုံးချလာ
မဲစာရင်း အကြောင်းပြ အာဏာသိမ်းချိန် တစ်နှစ်ပြည့်ခါနီးတွင် တစ်ကြိမ်ထက် မဲပိုပေးသူ ၂၀၀၀ သာ ရှာတွေ့သည့် စစ်ကောင်စီက သံဃာထုကိုပါ အသုံးပြု၍ ဝါဒဖြန့်ချိရန် ကြိုးပမ်းလာသည်။
-
UEC အဖွဲ့ခွဲ ဥက္ကဋ္ဌများကို အကျပ်ကိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
၂၀၂၀ ရွေးကောက်ပွဲတွင် မသမာမှုလုပ်သည်ဆိုသော ဝန်ခံချက်နှင့် တရားရုံးဆုံးဖြတ်ချက် ရနိုင်ရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများကို စစ်ကောင်စီက ပစ်မှတ်ထားလာသည်။
-
ခြေလှမ်းကျဲလာသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲစနစ် ပြောင်းလဲမည့် စီမံကိန်း
လူကြိုက်နည်းပါတီများနှင့် အာဏာသိမ်းစစ်ကောင်စီတို့ စိတ်တူကိုယ်တူဖြစ်နေကြသည့်အချက်မှာ NLD မပါဝင်သည့် ရွေးကောက်ပွဲတစ်ခုကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ပြုလုပ်လိုကြခြင်း ဖြစ်သည်။
-
စစ်ကောင်စီကို ထောက်ခံမှု ဥက္ကဋ္ဌသဘောထားဟု “ဝ” ပါတီ ထုတ်ပြန်
စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ကြိုဆိုသည့် ၂၈ ပါတီ ကြေညာချက်တွင် ဥက္ကဋ္ဌ လက်မှတ်ထိုးထားခြင်းမှာ "လူထု၏ ယုံကြည်မှုများကို ထိခိုက်စေ"ကြောင်း ဝ ပါတီက ပြောလိုက်သည်
-
ရွေးကောက်ပွဲပြန်လုပ်ရန် နှစ်နှစ်ခွဲကြာမည်ဟု အာဏာသိမ်းခေါင်းဆောင်ပြော
အာဏာသိမ်းပြီး နောက်တစ်ရက်တွင် ရွေးကောက်ပွဲကိစ္စ တစ်နှစ်အတွင်း ဦးစားပေးမည်ဟု ပြောဖူးသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ဩဂုတ်လတွင်မှ ကျင်းပနိုင်မည်ဟု လေသံပြောင်းသွားသည်