ရွေးကောက်ပွဲ
-
မွန်အမျိုးသမီးပါတီက ဧရာဝတီတိုင်းတွင် ၅ နေရာဝင်ပြိုင်မည်
မွန်ပြည်နယ် မော်လမြိုင်အခြေစိုက်ပါတီသည် မွန်နိုင်ငံရေးပါတီများနှင့် ထိပ်တိုက်မတွေ့ရှိစေရန် ဧရာဝတီတိုင်းတွင် ဝင်ပြိုင်ခြင်းဖြစ်ပြီး ပုသိမ်၊ ကျောင်းကုန်းနှင့် ငပုတောမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်
-
ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲများရပ်ပေးရန် တောင်းဆို
ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် တိုက်ပွဲများကြောင့် ရွေးကောက်ပွဲနောက်ဆုတ်ရန် ဆန္ဒရှိနေသည့်အပြင် လက်ရှိအခြေအနေအတိုင်း မဖြစ်မနေကျင်းပသွားမည်ကိုလည်း ကိုယ်စားလှယ်လောင်းများက စိုးရိမ်လျက်ရှိသည်
-
ရွေးကောက်ပွဲဝင်ပြိုင်မည့် စစ်ဘေးရှောင်စခန်းက ဆိုင်းနူးပန်
အသက် ၂၆ နှစ်အရွယ် မဂျီဆိုင်းနူးပန်သည် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြုကာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်
-
ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ခံပိုင်ခွင့်ပြန်လည်ရုပ်သိမ်း
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးဖြစ်သော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားမယူရသေးသည်ကို စိစစ်တွေ့ရှိသဖြင့် ပြန်လည်ပယ်ချလိုက်ခြင်းဖြစ်သည်
-
ဟင်္သာတပဋိပက္ခတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၂၆ ဦးအမှုဖွင့်ခံရ
နှစ်ဖက်ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီဝန်းရံသူများကို ထိန်းနိုင်ခြင်းမရှိကြောင်း ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောသည်