-
သတင်း
အင်းတော်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို KIA နှင့် PDF ပေါင်းတိုက်
အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အင်းတော်မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ နဘားလမ်းဆုံအနီးတွင် KIA, PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
-
သတင်း
စူပါဗိုလ်ချုပ် မိုးမြင့်ထွန်းနှင့် အပေါင်းပါများ ထွက်တော်မူ နန်းကခွာ
ကုန်ဈေးနှုန်းကြီးမြင့်ကို အကြောင်းပြု၍ ဌာနဆိုင်ရာအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများအပြားကို စစ်ဆေးပြီးနောက် ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ဒေါ် လာသန်းနှင့်ချီ လာဘ်ယူသည်။ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစားလုပ်သည်ဟု ပေါ်ပေါက်ကာ မဖြစ်မနေ အရေးယူခံလိုက်ရပြီ ဖြစ်သည်။
-
သတင်း
နိုင်ငံခြားငွေလဲ ကုမ္ပဏီ တစ်ရာကျော်ကို စစ်ကောင်စီ လိုင်စင်ပိတ်
အာဏာသိမ်း ဗိုလ်ချုပ်ကြီးများက ငွေကြေးဈေးကွက်ကို အမိန့်ညွှန်ကြားချက်နှင့် ထိန်းချုပ်နေသည်။ ပိတ်သိမ်းခံရသည့် ငွေလဲလုပ်ငန်းများထဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများ ပါဝင်သည်။
-
သတင်း
စစ်ရေယာဉ်အုပ်စုမှ မော်တော်တစ်စင်း ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း နစ်မြုပ်သွားသည့် မော်တော်ပေါ်တွင် ပျူစောထီး ထိန်းချုပ်သည့် ဒေသမှ အရပ်သား အများအပြား ပါဝင်သည်ဟု ကနဦး သိရှိရသည်။
-
သတင်း
ဗန်းမော်သွားသည့် စစ်သင်္ဘောများ အတိုက်ခံရပြီးနောက် တပ်က ရွာမီးရှို့
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ကာ ဒေသခံများကို ၂ ရက်ကြာ ဖမ်းဆီးသည့်နည်းဖြင့် တုံ့ပြန်လိုက်သည်။



