-
သတင်း
ချင်းတွင်းမြစ်ဘေးရှိ စစ်ကောင်စီစခန်းငယ် စီးနင်းခံရပြီး မိုင်းများ ဆုံးရှုံး
မုံရွာမြို့တစ်ဖက်ကမ်းရှိ စစ်တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များ စီးနင်းကာ လက်နက်ခဲယမ်းများ သိမ်းယူခဲ့ပြီးနောက် ဒေသခံတို့က စစ်တပ်ရန်ကြောင့် ကြိုတင် တိမ်းရှောင်နေကြသည်။
-
သတင်း
ထန်တလန်မြို့ ပြန်လည်စိုးမိုးရန် စစ်တပ်က လေကြောင်းမှ နေ့စဉ်တိုက်ခိုက်နေ
ချင်းပြည်နယ်၊ ထန်တလန်ရဲစခန်း စီးနင်းခံထားရသည့် စစ်ကောင်စီက ထိုဒေသ ပြန်စိုးမိုးရေး နေ့စဉ် ဗုံးကြဲနေရာ နယ်စပ်ကျော် တိမ်းရှောင်နေရသည့် ဒေသခံတို့ နေရပ်ပြန်ရေး အလှမ်းဝေးနေသည်။
-
သတင်း
ကလေးမြို့တွင် ဗိုလ်ကြီးဟောင်းတစ်ဦး ပစ်သတ်ခံရ
ခြေမြန်တပ်မှ အငြိမ်းစားယူပြီးနောက် လက်ထောက်ညွှန်မှူးအဖြစ် တာဝန်ထမ်းနေသည့် အသက် ၅၃ နှစ်အရွယ် ဦးငွေဇင်ကို ဒလန်ဟု တော်လှန်ရေးအဖွဲ့က စွပ်စွဲသည်။
-
ရွေးကောက်ပွဲ
တစ်နိုင်ငံလုံး ဝင်ပြိုင်မည့်ပါတီအဖြစ် နှင်းဆီပါတီ ပြန်လည်မှတ်ပုံတင်
ထောင်ကျနေသည့် ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်၏ မူဝါဒများအတိုင်း ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ ပါတီအမှတ်တံဆိပ်ကိုလည်း ယခင်အတိုင်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးနေရာကို ရွေးချယ်ထားခြင်း မရှိသေးကြောင်း ပါတီမှတ်ပုံတင်လျှောက်ထားရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
-
သတင်း
ချင်းတွင်းမြစ်အတွင်း သောင်တင်ထောက်ပို့ရေယာဉ်ကို PDF သိမ်းယူ
စစ်ကိုင်းတိုင်းအတွင်း လက်နက်၊ လောင်စာဆီ၊ ရိက္ခာတင် ရေယာဉ် ဆုံးရှုံးလိုက်ရသည့် ရွာအနီးတွင် စစ်တပ်က အိမ် ၁၃၀ ကျော် မီးရှို့သွားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။



