အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့တွင် ဗိုလ်ကြီးဟောင်းတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) က ဗိုလ်ကြီးအဆင့်ရှိ စစ်တပ်အရာရှိဟောင်းတစ်ဦးကို မြို့အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်ခတ်လုပ်ကြံခဲ့ကာ သေနတ်တစ်လက်၊ ကားတစ်စီးနှင့် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

ကလေးမြို့ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဘက်ရည်ဆိုင်မှ ထွက်လာသည့် အသက် ၅၃ နှစ်အရွယ် ဗိုလ်ကြီးဟောင်း ဦးငွေဇင်ကို နံနက် ၉ နာရီဝန်းကျင်၌ ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

ဦးငွေဇင်မှာ အမှတ် ၃၂၄ ခြေမြန်တပ်ရင်းမှ အနားယူပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ကလေးမြို့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့မှာ တာဝန်ရှိသူက ဆိုသည်။

“(စစ်ကောင်စီ သတင်းပေးဟုတ်မဟုတ် လနှင့်ချီ) စောင့်ကြည့်ပြီး မနေ့ကမှ ဖမ်းဆီးဖို့ လုပ်တာကို အချိန်မမီ (သေနတ်ဖြင့် ပြန်ခုခံရန် ပြင်ဆင်) လို့ ပစ်ခတ် ဖမ်းဆီးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့ သူ့ကို (ကားပေါ်က) ဆွဲချလိုက်တယ်။ သူ့အမျိုးသမီးပါတယ်။ သူ့ကိုတော့ ကျွန်တော်တို့ လွှတ်ပေးလိုက်တယ်” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

ဦးငွေဇင်ထံမှ Hilux ကား ၁ စီး၊ MA 3 သေနတ် ၁ လက်၊ ကျည်ကတ်များ၊ ကျည်ဆန်များ၊ လက်ပစ်ဗုံး ၁ ခု၊ လက်ထိတ်တစ်ခုနှင့် ကျည်ကာအကျီတစ်ထည်၊ မှန်ပြောင်း ၁ ခု သိမ်းဆည်းရမိသည်ဟု သိရသည်။

စစ်ကောင်စီက ဗိုလ်ကြီးဟောင်း ပစ်သတ်ခံရပြီးနောက်တွင် တောင်သာရပ်ကွက် အနီးတစ်ဝိုက် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။ ဦးငွေဇင်အပေါ် စွပ်စွဲချက်၊ ပစ်ခတ်ခံရသည့် ဖြစ်စဉ်တို့နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဖေဖော်ဝါရီ ၁၃ရက်က ၎င်းတို့ ပစ်သတ်လိုက်သည့် ဗိုလ်ကြီးဟောင်း ဦးငွေဇင်ထံမှ ရရှိသည့် စာရွက်စာတမ်းအချို့။ ဓာတ်ပုံ-ပေးပို့

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ကလေးမြို့သည် ၂၀၂၁ တွင် အာဏာသိမ်းသည့် စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး အစောဆုံးလက်နက်ကိုင်ခုခံခဲ့ရာမြို့ဖြစ်ပြီး ယနေ့အထိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်မပျက် ပြုလုပ်နေဆဲ ဖြစ်သည်။

ဗိုလ်ကြီးဟောင်း ပစ်သတ်ခံရသည့် ယမန်နေ့ကပင် ကလေးမြို့တောင်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့ရာ အပြန်အလှန်ပစ်ခဲ့သေးသည်။ အသေးစိတ်အခြေအနေကို မသိရသေးပါ။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ ဆက်တိုက် ပေါ်ပေါက်နေရာ စစ်ကောင်စီက ၎င်းတို့အား ထောက်ခံသူတို့ကို တရားဝင် လက်နက်ကိုင်ခွင့်ပေးရန် စီစဉ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button