-
သတင်း
တန့်ဆည်တွင် စစ်တပ်က ဓားစာခံတစ်ဦးကို သတ်ဖြတ်၊ သံဃာတစ်ပါးကို ဓားဖြင့်မွှန်း
သံဃာတစ်ပါးကို ဖမ်းပြီးနောက် PDF ကို ရိက္ခာပို့သည်ဟု စွပ်စွဲကာ ဓားဖြင့်မွှန်း နှိပ်စက်သည့်အပြင် ရွာသား ၁၀ ဦးခန့်ကိုလည်း လက်ပြန်ကြိုးတုပ် ရိုက်နှက်သည်ဟု သိရသည်။
-
သတင်း
ရဲစခန်းကို ဝင်တိုက်သည့် ဝက်လက်ဒေသကာကွယ်ရေးအဖွဲ့များ ရဟတ်ယာဉ်ဖြင့် အပစ်ခံရ
ရဲစခန်းကို ဝင်သိမ်းရန် ကြိုးစားနေစဉ် တိုက်လေယာဉ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး ရောက်လာကာ အနီးဝန်းကျင်ရှိ ရွာသုံးရွာကို ပစ်ခတ်ကြောင်း၊ တိုက်ပွဲအတွင်း ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးကာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည်ဟု သိရသည်။
-
သတင်း
စစ်တပ်က နွားကျောင်းသား လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်
ကျွန်းလှမြို့အနောက်ဘက်တွင် နွားကျောင်းနေသည့် လူငယ်သုံးဦးကို စစ်သားများနှင့် ပျူစောထီးများက ဖမ်းဆီးပြီးနောက် ၇ နှစ်အရွယ် လူငယ်ကို ပြန်လွှတ်ကာ ကျန်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။
-
သတင်း
တန့်ဆည်တွင် စစ်ရေးလှုပ်ရှားနေသည့်တပ် ပဒေသာမိုင်းစာမိ
ဒေသအတွင်း ဝင်မွှေနေသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာ ၁၀ ဦးထက်မနည်း သေမည်ဟု တော်လှန်ရေးအဖွဲ့များက ခန့်မှန်းသည်။
-
သတင်း
ကန့်ဘလူတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ကင်းထောက်လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်၊ ထိုစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့က မိုင်းထောင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။