-
သတင်း
ဝက်လက် PDF စခန်း လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခံရ၊ ၆ ဦးသေဆုံး
လေကြောင်းရန် ကာကွယ်နိုင်သည့် လက်နက်များ ပိုင်ဆိုင်ထားပြီဟု NUG က ကြေညာပြီး ၂၄ နာရီ မပြည့်မီတွင် စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ် ၆ စီး၊ တိုက်လေယာဉ် ၂ စီးဖြင့် စစ်ဆင်ခံရသည်။
-
သတင်း
စစ်ကိုင်း၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်တပ် သုံးရက်ဆက်မွှေနေ
အင်အား ၇၀ ပါ တပ်ဖွဲ့က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေရာ ကျေးရွာ ၈ ရွာထက်မနည်းမှ ပြည်သူများ သောင်းနှင့်ချီ၍ ထွက်ပြေးနေရသည်၊ နေအိမ်များ မီးရှို့ခံရသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။
-
ရုပ်သံသတင်း
ပျူစောထီးနှင့်စစ်သားများ၏ မီးတင်ရှို့ခြင်းခံနေရသည့် တန့်ဆည်မြို့နယ်မှ ကျေးရွာများ
စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ကျော်နှင့် လက်နက်ကိုင် ပျူစောထီး ၁၅၀ခန့်က နေ့စဉ်ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးနေသဖြင့် ယခုနှစ်ပတ်အတွင်း သောင်းနှင့်ချီသည့် ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ စက်တင်ဘာ ၁၆ရက်ကစပြီး လကုန်ပိုင်းအထိ ကျေးရွာ…
-
သတင်း
ကန့်ဘလူတွင် မိုင်းနင်းမိသဖြင့် သားအမိ ၂ ဦး သေဆုံး
ရွာနှင့်မိုင်ဝက်ခန့် အကွာတွင် မိုင်းနင်းမိခြင်းဖြစ်ကာ ရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီးများ ထောင်ထားသည့် မိုင်းများဖြစ်ကြောင်း ဒေသအခြေစိုက် PDF က ဆိုသည်။
-
သတင်း
ကောလင်းတွင် စစ်တပ်ကို ထောင်ထားသောမိုင်းကြောင့် အရပ်သား ၃ ဦးသေ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် စစ်တပ်ကို ပစ်မှတ်ထားသည့်မိုင်း ရွာသားများ နင်းမိပြီး စစ်တပ် ပြန်ထောင်ခဲ့သည့်မိုင်းကြောင့် တော်လှန်ရေးသမားတစ်ဦး ထိသွားသည်ဟု ဆိုသည်။