အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က နွားကျောင်းသား လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်

ယမန်နေ့ (အောက်တိုဘာ ၁၂) က စစ်ကိုင်းတိုင်းအလယ်ပိုင်း ကျွန်းလှမြို့နယ်တွင် နွားကျောင်းနေသည့် ဒေသခံ လူငယ်နှစ်ဦးကို PDF အဖြစ် စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ကျွန်းလှမြို့ အနောက်ဘက် ၁၀ မိုင်အကွာ ငှက်​ပျော​တောရွာအနီး တောင်ယာခင်းအတွင်း နွားကျောင်းနေသည့် လူငယ်သုံးဦးကို ဖမ်းဆီးသွားပြီးနောက် နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တာဝန်ရှိတစ်ဦးက ပြောသည်။

“PDF တွေ မိုင်းထောင်တယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ တကယ်တမ်းက နွားကျောင်းသားတွေပဲ။ PDF မဟုတ်ဘူး။ အဲဒီနေ့က တိုက်ခိုက်တာမျိုးလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်သားနှင့် ပျူစောထီး ၄၀ ခန့်မှာ ကားနှစ်စီးဖြင့် ကျွန်းလှမြို့မှ ထွက်လာပြီးနောက် လမ်းတွင် တွေ့သည့် ထိုလူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုလူငယ် ၂ ဦးကို ငှက်ပျောတောရွာနှင့် ကပ်လျက်ရွာဖြစ်သည့် ကျောက်အိုင်ရွာထဲတွင် လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်သတ်ထားခဲ့သည်ဟု သိရပြီး တစ်ဦးမှာ အသက် ၂၀ အရွယ် ငှက်​ပျော​တောရွာသား ကို​ကျော်ထက်ဆိုသူဖြစ်ပြီး ကျန်အသတ်ခံရသူ လူငယ်၏ အမည်ကိုမူ မသိရပေ။ 

အဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသည့် လူငယ်မှာ အသက် ၇ နှစ်အရွယ်ဖြစ်ကြောင်းလည်း သိရသည်။​

ယမန်နေ့ညက ဒေသခံကာကွယ်ရေးအဖွဲ့များအကူအညီဖြင့် လူငယ် ၂ ဦး၏ ရုပ်အလောင်းများကို ကောက်ယူခဲ့ပြီးနောက် ယနေ့ နံနက်သင်္ဂြိုဟ်ပြီးစီးခဲ့သည်။

ထိုလူငယ် ၂ ဦး၏ ရုပ်အလောင်းများတွင် နှိပ်စက်ထားသည့် လက္ခဏာများတွေ့ရကြောင်း ဒေသခံတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။

“ဒဏ်ရာတွေက တော်တော်ဆိုးတယ်။ ရိုက်ထားတာတွေ ကန်ထားတာတွေပေါ့ဗျ။ သေနတ်နဲ့ကတော့ နောက်စေ့ကို တေ့ပစ်ထားတာ”

နွားကျောင်းသား လူငယ်များကို ဖမ်းဆီးသတ်ဖြတ်သည့် စစ်သားများနှင့် ပျူစောထီးများသည် ကျွန်းလှမြို့ အနောက်ဘက် ၁၂ မိုင် အကွာ သဖန်းဆိပ်ဆည် ရဲကင်းစခန်းကို အင်းအားသွားရောက်ဖြည့်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ရေနံတွင်းများ အများအပြားရှိသည့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အ​နောက်ခြမ်းတွင်လည်း ဩဂုတ်လ ၂၄ ရက်မှ စတင်၍ စစ်သားအင်အား ၁၈၀ ခန့်က စစ်ကြောင်းထိုး တပ်စွဲထားသည်မှာ ယနေ့အထိဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပြန်ခုခံကြရာတွင် လူငယ်၊ လူရွယ်များ အများဆုံး ပါဝင်ကြပြီး စစ်ကောင်စီတပ်ကလည်း လူငယ်၊ လူရွယ်မှန်သမျှကို သံသယဖြင့် စောင့်ကြည့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button