အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောင်မြို့အနီး ရဲစခန်းငယ်ကို PDF များ သွားရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဂါးပေါက်ကျေးရွာရှိ ရဲကင်းစခန်းကို ယနေ့ (အောက်တိုဘာ ၂၉) နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးလိုက်ကြောင်း PDF ခေါ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Myanmar Now ကို ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြောင်မြို့၏ အနောက်တောင်ဘက် ၉ မိုင်ခန့် အကွာရှိ ထိုစခန်းကို ယနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ပြီး ထရံကာ သွပ်မိုး အဆောက်အအုံ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM ) မှ တာဝန်ရှိသူ ကိုမင်းခေါင်က ပြောသည်။

“သူတို့က ဒီစခန်းမှာ အမြဲတမ်းနေတာတော့ မဟုတ်ဘူး။ အလှည့်ကျနဲ့သွားတယ်။ ဒါပေမဲ့ စစ်ဆင်ရေး စတဲ့အခါမှာ အဲဒီနေရာမှာ စခန်းချ၊ တပ်စွဲပြီးတော့ ဒီဘက်ကို နယ်မြေရှင်းလင်းမှုယူတဲ့အခါမျိုးတွေ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လုပ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုတွင် မြောင်အမျိုးသမီးပြောက်ကျားအဖွဲ့ (Myanung Women Warriors)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF) တို့လည်း ပါဝင်သည်ဟု ဆိုသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ခိုက်ခံရသည့် နဂါးပေါက်ရဲစခန်းမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိကြောင်း၊ မြစ်တစ်ဖက်ကမ်းတွင် တပ်စွဲထားသည့် စစ်တပ်တပ်စခန်းက ထိုရဲစခန်းနှင့် ချိတ်ဆက်မှုရယူပြီး ညပိုင်းတွင် ခြောက်လှန့်ပစ်ခတ်သဖြင့်  ဒေသတွင်း မတည်မငြိမ်ဖြစ်ရကြောင်း ကိုမင်းခေါင်က ဆက်ပြောသည်။ 

“ဟိုဘက်မှာတော့ အမြဲတမ်း လှုပ်ရှားမှုတွေတော့ ရှိနေတယ်ဗျ။ သူတို့က နေ့ခင်းဆိုရင် ကင်းစောင့်ပြီးတော့ ဒီဘက်က နယ်မြေအခြေအနေကို ကြည့်တာများတယ်။ ညဘက်ဆိုရင်တော့ အဲဒီဘက်ခြမ်းကနေပြီးတော့ အသံတွေဘာတွေပြုတာ၊ ပစ်တာမျိုးတွေ ရှိတယ်။ ဒေသတွင်း ပြည်သူတွေကလည်း အသံကြားရတဲ့အခါကျတော့ မတည်မငြိမ်ဖြစ်ရတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က လုပ်ရတာပါ” ဟု ၎င်းက ဆက်ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်နှင့် PDF များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်ခုခံမှု အများဆုံးဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ရွာလုံးကျွတ်မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများဖြင့် နာမည်ပျက်နေသော အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်းပါ အသုံးပြုပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။ 

ယမန်နေ့ ( အောက်တိုဘာ ၂၈) နံနက်ပိုင်းက စစ်ကိုင်းတိုင်း ကျွန်းလှမြို့နှင့် တန့်ဆည်မြို့ ဝန်းကျင်ရှိ PDF များ အားကောင်းသည်ဟု စစ်တပ်က ယူဆသည့် ကျေးရွာများကို ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button