ရုပ်သံသတင်း

ခြေရာတော်ရွာအနီး လူ ၂၀ ကျော် ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲ

စစ်ကိုင်းတိုင်း၊ မြောင်နဲ့ မြင်းမူမြို့နယ် နယ်စပ် ခြေရာတော်ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၆ ဦးကို ပြီးခဲ့တဲ့ သောကြာနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို လှည့်ဖျားပြီး အရှင်ဖမ်းဆီးပြီးမှ ၅ယောက်တစ်တွဲတွဲပြီး သတ်ဖြတ်ခဲ့တာပါ။ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်လူသတ်မှုကျူးလွန်တဲ့ အဲ့ဒီညဖြစ်စဉ်မှာ အသက် ၁၉ နှစ်အရွယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုလူကလေးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ သူအပါအဝင် စုစုပေါင်း ၅ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ဖို့ လူသတ်ကွင်းဆီကို ခေါ်ဆောင်ခံခဲ့ရပြီး သတ်လုဆဲဆဲ စက္ကန့်ပိုင်းအလိုမှာ အရဲစွန့်ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ရဲဘော်လူကလေးကို အဲ့ဒီညက လူသတ်ပွဲအကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – မိုးဦး၊ စထွန်းအောင်

Show More

Related Articles

Back to top button