အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ ၁၉ ဦးပျောက်ဆုံးနေသည့် မာန်အောင်တွင်သင်္ဘောနစ်မြုပ်မှုကို စုံစမ်းစစ်ဆေးရန်ပြင်ဆင်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်း ပင်လယ်ပြင်တွင် ယနေ့နံနက် အစောပိုင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် သင်္ဘောလုပ်သား ၁၉ ဦးပျောက်ဆုံးခဲ့ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးရန် ပြင်ဆင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကပြောသည်။

တန်ချိန် ၇၅၀ နီးပါးရှိသည့် ဆင်ပြောင်အမည်ရှိ သင်္ဘောသည် ယနေ့နံနက် နာရီခွဲခန့်တွင် မာန်အောင်မြို့နယ်၊ ဇီးတောကမ်းခြေနှင့် လေးမိုင်အကွာရှိ လက်ဖက်ကျွန်းမီးပြတိုက်အနီး နစ်မြုပ်သွားခဲ့ပြီး သင်္ဘောမတော်တဆ ဖြစ်ချိန်တွင် လူ ၂၆ ဦး သင်္ဘောပေါ်တွင် ရှိနေခဲ့ကြောင်း မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေက ပြောသည်။ ၎င်းတို့အနက်မှ ခုနစ်ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး ၁၉ ဦးသည် နေ့လယ်ပိုင်းအထိ ပျောက်ဆုံးနေသည်။

၁၉၅၉ က ဟောင်ကောင်တွင် တည်ဆောက်ခဲ့သည့် အဆိုပါသင်္ဘော နစ်မြုပ်ခဲ့သည့် အကြောင်းရင်းကို စုံစမ်းရန် ပြင်ဆင်နေသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သီဟက ပြောသည်။

“အခုချိန်မှာ ပျောက်ဆုံးစာရင်းထဲမှာ ရေယာဉ်မှူးကိုယ်တိုင်လည်း ပါဝင်နေတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဘာ့ကြောင့် နစ်မြုပ်ရသလဲဆိုတာကို စစ်ဆေးသွားမယ်။ ဒီကိစ္စကို နိုင်ငံတော်သမ္မတရုံးကိုလည်း တင်ပြထားတယ်ဟု ၎င်းကပြောသည်။

အဆိုပါသင်္ဘောသည် ဖေဖော်ဝါရီ ရက်နေ့က ရန်ကုန်မှ ဇီးတောမီးပြတိုက်ကို ပြုပြင်ရန် မီးပြတိုက်ပြုပြင်သည့်အဖွဲ့ဝင် ကိုးဦးနှင့်အတူ သင်္ဘောအဖွဲ့သား ၂၄ ဦးတို့ ထွက်ခွာလာခဲ့ပြီး မီးပြတိုက်အနီးသို့ ဖေဖော်ဝါရီ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာကြောင်း၊ သင်္ဘောကို မီးပြတိုက်ကျွန်းနှင့် သုံးဖာလုံခန့်အကွာတွင် ရပ်တန့်ကာ သင်္ဘောအဖွဲ့သားများနှင့် မီးပြတိုက်အစောင့်ဖြစ်သူတို့က သင်္ဘောပေါ်တွင်သာ နေခဲ့ကြကြောင်း မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်မနက် အရုဏ်တက်ချိန်တွင် မီးပြတိုက်တွင် စခန်းချသည့် အဖွဲ့သည် ပင်လယ်ပြင်အတွင်း သင်္ဘောကို ရှာမတွေ့မှ သင်္ဘောနစ်မြုပ်သည်ကို စတင်သတိထားမိခဲ့ကြောင်း ၎င်းကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button