အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒလသမ္ဗန် နစ်မြုပ်သည့် မတော်တဆဖြစ်ရပ်တွင် ပျောက်ဆုံးနေသူများထဲမှ တစ်ဦး၏ရုပ်အလောင်းကို ရှာတွေ့

(ရန်ကုန်) – ဇွန်လ ၁၃ ရက်နေ့ ညက ရန်ကုန်-ဒလ သမ္ဗန် တိမ်းမှောက် နစ်မြုပ်ရာတွင် ပျောက်ဆုံးနေသူ လေးဦးအနက်မှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေရေးအဖွဲ့များက ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ဗိုလ်တထောင်ရေတပ်ဝင်းအနီး ရှာဖွေတွေ့ရှိခဲ့သည်။

သမ္ဗန်နစ်မြုပ်အပြီး သုံးရက်အကြာတွင် တွေ့ရှိခဲ့သည့် ရုပ်အလောင်းမှာ အသက် ၂၆နှစ်အရွယ် အမျိုးသမီးဟု မိသားစုဝင်များက အတည်ပြုခဲ့ကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းက အတည်ပြုသည်။

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည် ကယ်ဆယ်ရေးသမားများသည် ရှာဖွေရေးဧရိယာကို တိုးချဲ့ရှာဖွေနေကြောင်း ကမာကသွယ်ကူးတို့သမဝါယမအသင်း အတွင်းရေးမှူး ဦးမောင်မောင်မြင့် က Myanmar Now ကို ပြောသည်။

မတွေ့ရှိသေးသည့် ပျောက်ဆုံးနေသူသုံးဦးမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက်၂၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့ ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်မြစ်အတွင်း ဒလ-ရန်ကုန်သို့ ကူးတို့ပို့သည့် သမ္ဗန်များ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဒလမြို့နယ် ကမာကဆစ်ဆိပ်ကမ်းမှ ရန်ကုန် စဉ့်အိုးတန်းဆိပ်ကမ်းသို့ ထွက်ခွာသည့် သမ္ဗန်တစ်စင်း တိမ်းမှောက်ကာ လူသုံးဦး သေဆုံးခဲ့ဖူးသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပန်းဆိုးတန်း နန်းသီတာကမ်းအနီးတွင် Yangon Water Bus တစ်စင်းနှင့် ခရီးသည် ၁၀ ဦးပါ သမ္ဗန်တစ်စင်းတို့ တိုက်မိခဲ့ပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။

သို့သော်လည်း နေ့စဉ် ခရီးသည် ၆၀,၀၀၀ ခန့်သည် သမ္ဗန် ၅၀၀ ကျော်ကိုအသုံးပြုပြီး နေ့စဉ် ဒလနှင့် ရန်ကုန်ကို ကူးသန်းသွားလာနေကြသည်။

မြစ်တစ်စင်းသာ ခြားသည့် မြို့နှစ်မြို့ကို ဆက်သွယ်ပေးမည့် တံတားတစ်စင်း အမြန်ဆုံးထိုးပေးရန် ဒလဒေသခံများက ဆန္ဒရှိနေကြပြီး ကိုရီးယားနိုင်ငံချေးငွေဖြင့် ဆောက်မည့် ဒလတံတားမှာ ပုဂ္ဂလိကဆိပ်ကမ်းအချို့၏ ကန့်ကွက်မှုကြောင့် ကြန့်ကြာနေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles