အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ဗြိတိန်က ဒဏ်ခတ်အရေးယူ 

အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို ဆက်တိုက် အရေးယူပိတ်ဆိုခဲ့သည့် ဗြိတိန်နိုင်ငံက ထိပ်သီးမြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် ၎င်းပိုင် ထူးကုမ္ပဏီအုပ်စုကို ဒဏ်ခတ်အရေးယူကြောင်း ယနေ့ (စက်တင်ဘာ ၂) ကြေညာသည်။

ထူးကုမ္ပဏီအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးတေဇသည် ယခင်စစ်ခေါင်းဆောင်များအပါအဝင် လက်ရှိစစ်အစိုးရနှင့်ပါ ပတ်သက်ဆက်နွှယ်မှုရှိနေကာ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် လက်နက်ဝယ်ယူရေးအခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် ဦးတေဇသည် ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ သုတ်သင်ရှင်းလင်းရေး စစ်တပ်၏ လုပ်ငန်းများတွင် အထောက်အပံ့ပေးခဲ့သည်ဟုလည်း ဆိုသည်။

“စစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုကို ရပ်တန့်မယ့်လက္ခဏာ မရှိဘူး။ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့သူများကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးအရ ကန့်သတ်ပိတ်ပင်ဖို့ မိတ်ဆက်နိုင်ငံတွေနဲ့အတူ ဗြိတိန်က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးတေဇအား ဗြိတိန်နိုင်ငံသို့ ဝင်ရောက်ခွင့်အပါအဝင် ၎င်းနှင့် ထူးကုမ္ပဏီအုပ်စု၏ ဗြိတိန်နိုင်ငံရှိ ပိုင်ဆိုင်မှုအားလုံးကို ချက်ချင်းကန့်သတ်ပိတ်ဆို့သွားမည်ဖြစ်ကာ ဦးတေဇနှင့်သော်လည်းကောင်း ထူးကုမ္ပဏီအုပ်စုနှင့်သော်လည်းကောင်း ဘဏ္ဍာရေး သို့မဟုတ် စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုများကိုလည်း ပိတ်ဆို့အရေးယူသွားမည်ဖြစ်သည်။ 

မြန်မာ့အရေးနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံက စက်မှုထိပ်သီးခုနှစ်နိုင်ငံအဖွဲ့ဝင်များအတွင်း၌လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်းကောင်း မြန်မာသို့ စစ်လက်နက်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်း မရှိစေရေး အရေးယူတိုက်တွန်းမှုများ ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဗြိတိန်က ဥက္ကဋ္ဌဖြစ်နေသည့် စက်မှုထိပ်သီးခုနှစ်နိုင်ငံအဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်ပါ အချက် ငါးချက်ကို ချက်ချင်းအကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။ 

အာဏာသိမ်းမှုတွင် တာဝန်ရှိသော စစ်ခေါင်းဆောင်များ၊ ၎င်းနှင့်ဆက်နွှယ်နေသူများ အပါအဝင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများကိုလည်း ဗြိတိန်နိုင်ငံက ဖေဖော်ဝါရီလတွင် နှစ်ကြိမ်၊ မတ်၊ ဧပြီ၊ မေနှင့် ဇွန်လများအတွင်း တစ်ကြိမ်စီ ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button