အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရပြီး သေဆုံး

မုံရွာမြို့ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကို အမည်မသိလူတစ်စုက ယမန်နေ့ (ဇူလိုင် ၂၀) ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု မြို့ခံအချို့က အတည်ပြုသည်။

အသက် ၅၀ အရွယ် ဦးသိန်းထွန်းမှာ ဆိုင်ကယ်စီးနင်းလာစဉ် ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်းအရောက်တွင် အမည်မသိလူတစ်စုက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး မုံရွာဆေးရုံကြီးအရောက်တွင် သေဆုံးခဲ့သည်ဟု မျက်မြင်သက်သေများကို ကိုးကား၍ မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဓားနဲ့ထိုးခံရတယ်ပြောတယ်။ ဆေးရုံကြီးရောက်သွားတယ်လို့ သိရတယ်။ နှလုံးတည့်တည့်ကို ထိုးသွားတယ်လို့ ပြောတယ်။ တစ်ချက်တည်းပဲလို့ပြောတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဦးသိန်းထွန်းသည် စစ်ကောင်စီလက်ထက်တွင် သလ္လာရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက ဆိုသည်။ “ဒေသခံတွေက နုတ်ထွက်ခိုင်းတာကို မနုတ်ထွက်ခဲ့တာ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလအတွင်း၌ ရပ်ကွက်နေပြည်သူများက ဦးသိန်းထွန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ခိုင်းခဲ့ရာ ပြဿနာတက်ဖူးသည်ဟု အထက်ပါမြို့ခံက ဆိုသည်။ 

“သူ့ကိုနုတ်ထွက်ခိုင်းတာကို သူက သော့ယူပြီး ရပ်ကွက်ရုံးသွားဖွင့်တာပေါ့။ သူ့အိမ်ရှေ့သွား​ပြီး ရပ်ကွက်ကလည်း သံပုံးသွားတီးတာပေါ့။ အဲ့လိုမျိုးပြဿနာတော့ ဖြစ်ဖူးတယ်” ဟု ၎င်းက ပြောသည်။ 

Myanmar Now က ပြုစုထားသည့် စာရင်းများအရ စစ်တပ်က အာဏာသိမ်းပြီး ငါးလကျော်အတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် စစ်ကောင်စီဘက်တော်သား ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ဒလန် စုစုပေါင်း ၅၀ ကျော်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၉ ဦး ပါဝင်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများအားကောင်းရာ မြို့တစ်မြို့ဖြစ်သည့် မုံရွာတွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးနှိပ်စက်မှုများရှိလင့်ကစား ယနေ့အချိန်အထိ ဆန္ဒပြသူများရှိနေဆဲဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button