အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရွေးကောက်ပွဲမဲထည့်ဖို့ ဖိအားပေး၊ ခြိမ်းခြောက်မှုတွေရှိနေ

ရွေးကောက်ပွဲမှာ မဲထည့်ဖို့ စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့ဝင်တွေက ပြည်သူတွေကို ဖိအားပေးတာ ရှိသလို ခြိမ်းခြောက်တဲ့ သတင်းတွေ ဖြန့်တာလည်း ရှိနေတယ်လို့ ဒေသခံတွေက Myanmar Now ကိုပြောပါတယ်။ 

မဲလာပေးတဲ့သူ နည်းပါးတာကြောင့် ရန်ကုန်၊ နေပြည်တော်၊ ပုသိမ်၊ မုံရွာနဲ့ မြဝတီမြို့တို့မှာ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် မဲပေးဖို့အတွက် ဖိအားပေးပြောဆိုတာတွေ ရှိနေတာလို့ ဆိုကြပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမှာ နေ့တစ်ပိုင်းနဲ့ ပိတ်လိုက်ရတဲ့ မဲရုံတချို့ရှိပြီး မြို့ပေါ် ဘုရားနီလမ်းဆုံ အနီးမှာလည်း အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မဲစာရင်းနံပါတ်တွေ ပြောခိုင်းကာ မဲမပေးဘူးဆိုရင် ဖိအားပေး ရိုက်နှက်တာတွေရှိတယ်လို့ မုံရွာမြို့ခံ က ပြောပါတယ်။ 

ရိုက်ကူး – မြတ်ကြီး၊ကိုလှိုင်း /  တင်ဆက် – သဇင်လှိုင်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button