အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့(ဇူလိုင် ၃) နံနက် ၈ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦးထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက အတည်ပြုသည်။

“ဆိုင်ကယ်နဲ့လာပြီး အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးကို ပစ်ထည့်သွားတယ်။ အုပ်ချုပ်ရေးမှူးရုံးထဲက တစ်ယောက်ကတော့ အနည်းငယ် ထိခိုက်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကာ အဆိုပါရပ်ကွက်ကို နေ့လယ်ပိုင်းအထိ ပိတ်ဆို့၍ စစ်ဆေးရှာဖွေခဲ့သော်လည်း ဆိုင်ကယ်ဖြင့် ဗုံးလာပစ်သူမှာ လွတ်မြောက်သွားသည်ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ပေါက်ကွဲမှုအပြီး မရှေးမနှောင်းမှာပင် အနီးအနားရှိ လှိုင်သာယာ ၂၃ ရပ်ကွက်အတွင်း စစ်ကောင်စီသတင်းပေး (ဒလန်) ဟု ကျော်ကြားသူတစ်ဦး ဓားဖြင့် တိုက်ခိုက်ခံရသေးသည်ဟု ဒေသခံတချို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ထိခိုက်ဒဏ်ရာရမှု၊ စုံစမ်းစစ်ဆေးမှုအခြေအနေများကို ယနေ့(ဇူလိုင်၃) ညနေပိုင်းအထိ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို  ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် မြို့နယ်များစာရင်းတွင် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများစွာ နေထိုင်သည့် လှိုင်သာယာသည် ထိပ်ဆုံးမှပါဝင်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ရက်စက်စွာ ကိုင်တွယ်နှိမ်နင်းဖူးသည်။

စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် မတ်လ ၁၄ မှ ၁၈၊ ငါးရက်အတွင်း၌ပင် သေဆုံးသူ ၅၈ဦး၊ ဒဏ်ရာရသူ ၅၃ဦးအထိရှိခဲ့ကာ ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာ၍ နေရပ်ပြန်ရသည်အထိ ဖြစ်ခဲ့ရသည်။

ထိုသို့ စစ်ကောင်စီ၏ အန္တရာယ်မှ ကာကွယ်ရန် နိုင်ငံအနှံ့ ဖွဲ့စည်းထူထောင်လာကြသည့် ပြည်သူတို့၏ ဒေသကာကွယ်ရေးအဖွဲ့လှုပ်ရှားရာ နယ်မြေအတွင်း လှိုင်သာယာလည်းပါဝင်လာသည်။

ယင်းနောက် ဇွန်လဆန်းပိုင်းမှစ၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် သတင်းပေးများကို ပစ်မှတ်ထားတိုက်ခိုက်သည့်ဖြစ်စဉ်များ လှိုင်သာယာမြို့နယ်အတွင်း မကြာခဏဖြစ်ပွားနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button