အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်၊ မြေနီကုန်းတံတားအောက် ယာဉ်ထိန်းရဲရုံး ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်ရှိ ယာဉ်ထိန်းရဲကင်းရုံးတစ်ခု ယနေ့(ဇူလိုင် ၁) ရက်နေ့ နံနက် ၈ နာရီတွင် ပေါက်ကွဲမှုဖြစ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။

ဗုံးပေါက်ကွဲချိန်တွင် ယာဉ်ထိန်းရဲကင်းရုံးအတွင်း မည်သူမျှရှိမနေဘဲ ဘတ်စကားတစ်စီးဖြတ်မောင်းသွားသည်ကိုသာ တွေ့ရကြောင်း ၎င်းထံမှ သိရသည်။

“ကားထဲက လူတွေကတော့ ဘာဖြစ်သွားလဲ ကျွန်တော်လည်းမသိဘူး။ ကားက ဗုံးပေါက်ပြီး ခဏလေးပဲ နေပြီး ပြန်မောင်းသွားတာကိုး” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

ပေါက်ကွဲမှုကြောင့် လမ်းဖြတ်ကူးနေသူ အမျိုးသမီးမှာ ဒဂုံစင်တာနှင့် ပဒုမ္မာပန်းခြံထောင့်ရှိ ပလက်ဖောင်းဘေးတွင် လဲကျခဲ့ပြီး မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူ့မျက်နှာမှာတော့ သွေးတွေချည်းပဲ။ ဗုံးပေါက်တဲ့အချိန်မှာ သူက လမ်းလယ်မှာ သုံးထောင့်ပုံစံ နေရာလေးရှိတယ်။ အဲဒီနေရာမှာ သူက လဲနေတာ။ ကျွန်တော်ကတော့ သူမျက်လုံးကို ထိတယ်လို့ပဲ ထင်တာပဲ”ဟု အထက်ပါပုဂ္ဂိုလ်ကပင်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး တစ်မိနစ်မပြည့်မီမှာပင် ရဲများရောက်ရှိလာပြီး ဒဏ်ရာရအမျိုးသမီးကို ဆွဲထူကြသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် ဖြတ်သန်းသွားလာသူများနှင့် အနီးအနားရှိယာဉ်များ၊ လမ်းအချို့ကို ပိတ်ဆို့ရှာဖွေသည်ကို တွေ့ရကြောင်း၊ ဒဏ်ရာရအမျိုးသမီး၏ နောက်ဆက်တွဲအခြေအနေကို မသိရကြောင်း သူက ဆက်ပြောသည်။  

ထိုနေရာသည် စမ်းချောင်းမြို့နယ် ရဲစခန်းအနီးတွင် တည်ရှိသည်။ 

ဧပြီ ၁၃ကလည်း မြေနီကုန်း၊ ပဒုမ္မာပန်းခြံအနီး ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။

ပြီးခဲ့သည့်လမှစ၍ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ စတင်ပေါ်ပေါက်လာနေပြီး တာမွေမြို့နယ်၊ သီတာလမ်းမှတ်တိုင်အနီး ရပ်တန့်ထားသည့် စစ်ကားတစ်စီးပေါက်ကွဲမီးလောင်မှုမှာ ထင်ရှားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button