အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တွင် စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ 

ရန်ကုန်၊ တာမွေမြို့နယ် တာမွေစျေးမှတ်တိုင်အနီးနှင့် သီတာလမ်းမှတ်တိုင်တို့တွင် ယနေ့(ဇွန် ၁၈)ရက်နေ့ နေ့လယ် ၃ နာရီကျော်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သီတာလမ်းမှတ်တိုင်အနီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ရပ်ထားသည့် စစ်ကားပေါ် ဗုံးကွဲခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကားနားကို တက္ကစီတစ်စီးနဲ့ ဗုံးတစ်လုံးပစ်ထည့်သွားတယ်။ ဗုံးထပေါက်တယ် အုံးဆို အသံအကျယ်ကြီးကြားရတယ်။ မီးခိုးလုံးတွေ ထတက်လာတာ။ ကားမီးလောင်သွားတယ်။ စစ်သားတွေကတော့ စစ်ကားအောက်ဘေးနားမှာ ထိုင်နေတာများတယ်။ စစ်ကားနားမှာတော့ စစ်သားတွေအများကြီးရှိတယ်။ ကားခေါင်းခန်းပေါ်မှာတော့ စစ်သား ၂ ယောက် ဖုန်းထိုင်သုံးနေတာတွေ့တယ်။ နောက်ခန်းမှာက ၄ ယောက်” ဟု ၎င်းက ပြောသည်။

မည်မျှသေဆုံးထိခိုက်ဒဏ်ရာရရှိသည်ကို မသိကြောင်း၊ ပေါက်ကွဲမှုအပြီး ခဏအကြာတွင် အရေးပေါ်ကားနှင့် မီးသတ်ကားများရောက်ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စစ်ကားသည် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ရပ်ထားသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့ လမ်းမများပေါ်တွင် ရှိတတ်သော စစ်သားများတိုက်ခိုက်ခံရမှုမှာ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။

အလားတူ တာမွေစျေးမှတ်တိုင်နှင့် တာမွေမီးပွိုင့်ကြားတွင်လည်း ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

“တာမွေစျေးမှတ်တိုင်နဲ့ တာမွေမီးပွိုင့်ကြားလောက်မှာ ပေါက်တာ။ တက္ကစီသမားတစ်ယောက်ကတော့ လက်ပြတ်သွားတယ်။ မီးပွိုင့်မိပြီး ကားတန်းနေတဲ့အချိန်မှာဖြစ်တာ။ အဲ့မှာပဲ နှစ်ကြိမ်ပေါက်တာ။ တစ်နေရာတည်းမှာပဲ နှစ်သံထွက်သွားတာပေါ့” ဟု သူက ပြောသည်။ 

“စစ်သားတွေက ဖြစ်ဖြစ်ချင်း ထွေအုပ်ရုံးနားကနေ ထွက်လာပြီး ပြေးထွက်လာတယ်။ သေနတ်တွေနဲ့ စစ်သားအုပ်လိုက် ပြေးထွက်လာတယ်။ ကားတွေကို ပေးမသွားဘဲ လမ်းပိတ်ထားတယ်။ အဲ့နားမှာရှိတဲ့ အချို့ကားတွေက ပြန်လှည့်ထွက်ဖို့လုပ်နေတာကို စစ်သားတွေက ပေးမထွက်ဘဲ ကားတွေကို ဒင်နဲ့ ထုတယ်”

တာမွေစျေးအနီးတွင် စစ်ကားတစ်စီးရပ်ထားကာ ပိတ်ဆို့ရှာဖွေနေသည်ဟု ၎င်းက ပြောသည်။

ဇွန်လ ၈ ရက်နေ့ကလည်း တာမွေမြို့နယ် ကျောက်မြောင်း သတိပဋ္ဌာန်လမ်းတွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ကျားကွက်သစ်အုပ်ချုပ်ရေးမှူးဒေါ်စိုးစိုးလွင် ပစ်သတ်ခံခဲ့ရသေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles