အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရသည့် ပြည်ခိုင်ဖြိုးအမတ် အာမခံရ

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား ပျော်ဘွယ်မြို့နယ်တရားရုံးက ကျန်းမာရေး အကြောင်းပြချက်ဖြင့် သိန်း ၁၀၀ တန် အာမခံပေးလိုက်သည်။

ပျော်ဘွယ်မဲဆန္ဒနယ် အမှတ်() ကိုယ်စားလှယ် ဦးတင်စိုးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပျော်ဘွယ်မြို့နယ် ကြက်တည်ကျေးရွာ၌ကျင်းပသည့် ဟောပြောပွဲတစ်ပွဲတွင် အစိုးရကို အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ၊ ဘာသာရေးနှင့်လူမျိုးရေး ကိစ္စများ၊ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်အောင် ဟောပြောသည့်ကိစ္စများပါရှိသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရမည်းသင်းခရိုင် ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်က တရားစွဲခဲ့ခြင်းဖြစ်သည်။

ဦးတင်စိုးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အပြင် လက်ရှိကျန်းမာရေးအခြေအနေအရ တရားခွင်တွင် အာမခံလျှောက်ခဲ့ပြီး ရရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက Myanmar Now သို့ပြောသည်။

သူက နဂိုက လေဖြတ်ထားတာရှိတယ်။ အခုခွဲစိတ်ကုသမှုလုပ်ဖို့ရာအတွက် ဒီရုံးချိန်းရှိတဲ့ဟာပေါ်မှာ ရုံးချိန်းရှိလို့ ဆိုင်းငံ့ထားရတာပေါ့။ ပြည်သူထဲကအာမခံတာပါခင်ဗျ။ ကျွန်တော်တို့ကတော့ ဒါဥပဒေနဲ့အညီအာမခံရထို့ လျှောက်ထားမှုအပေါ်မှာ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ အာမခံပေးလိုက်တယ်လို့ပဲမြင်ပါတယ်ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ၁၁ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တစ်ဖိုင်တွင် ဦးတင်စိုးကကြံ့ခိုင်ရေးက လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုတွေကို လွှတ်တော်မှာ မဲခွဲပေးတယ်။ အဆိုတင်တယ်။ မဲခွဲတော့ NLD က ကန့်ကွက်တယ်။ ခင်ဗျားတို့ကြီးပွားချမ်းသာမယ့် ကိစ္စကို NLD အစိုးရက လိုက်ပိတ်ပင်နေတဲ့ကိစ္စကိုပြောချင်တာဟု ပြောကြားနေပုံ ပါရှိသည်။

ထို့ပြင်နေပြည်တော်ကြီး ဘယ်သူတည်သွားလဲ။ အမြန်လမ်းကြီး ဘယ်သူဖောက်သွားလဲ။  ဦးသန်းရွှေပဲ ဖောက်သွားတာလေ။ တစ်မိုင်မှာ သိန်း ၆၀၀၀ ပဲကုန်တယ်လေ။ ကွန်ကရစ်လမ်းကော တံတားကော အပြီးအစီး။ အခုဒီအစိုးရက နိုင်လွန်ကတ္တရာလမ်းလေးခင်းတယ်။ လက်မထု လက်မထုလေးခင်းတာကို တစ်မိုင်ကို သိန်းပေါင်း ၂၇,၀၀၀ တဲ့။ ကွာသွားတဲ့ ၂၁,၀၀၀ က ဘယ်ရောက်သွားလဲသိလား။ ရခိုင်မှာရှိတဲ့ ကုလားတွေ အိမ်ဆောက်ပေးနေတာလေ။ ရခိုင်တွေ တအား အသတ်ခံရတယ်လေ။ ဒီအစိုးရဘာလုပ်လို့လဲ။ အဲ့ဒါကြောင့် ခင်ဗျားတို့ပြန်ခုန်ချ တိုင်းပြည်ဆင်းရဲမွဲတေနေတာက အဲ့ဒီလူတွေအရည်အချင်းမရှိလို့ဆိုတဲ့ကိစ္စ။ သူတို့အသုံးမကျတာကိုတော့ သူတို့မပြောဘူးဟု လည်း ယင်းရုပ်သံဖိုင်တွင်ပါရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ ဦးတင်စိုးသည် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ၎င်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်အတွင်းက ပြောဆိုခြင်းဖြစ်သည်ဟု ကာကွယ် ပြောဆိုခဲ့သည်။

ကျွန်တော်တို့လက်ထက်မှာ ပါတီအနေနဲ့ ဒီလိုကိုယ်စားလှယ်တွေကို တရားစွဲဆိုခဲ့တာ တစ်ခုမှမရှိခဲ့ပါဘူးဗျ။ ကျွန်တော်တို့ကတော့ အားလုံးပေါ့ ဒီမိုကရေစီနောက်ပြန်မဆွဲစေဖို့ ဝဋ်လည်မှာမကြောက်ကြဘူးလားလို့ ဒီလိုပဲမေးခွန်းထုတ်ချင်ပါတယ်ဟု ဇန်နဝါရီ ၂၅ ရက်နေ့ညနေပိုင်းက ဖုန်းဖြင့်ပြောသည်။

ပျော်ဘွယ်တိုင်းဒေသကြီးအမှတ်() လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးသည် ဘာသာရေးနှင့်ပတ်သက်ပြီး ပြည်သူများထိတ်လန့်တုန်လှုံ့စေသည့် ကိစ္စရပ်များကိုဟောပြောခဲ့သည့်အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုခဲ့သည် ပြာသည်။

ဦးတင်စိုးအာမခံ ရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး ပါတီတွင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဟု တရားလို NLD ရမည်းသင်းခရိုင် ဒုဥက္ကဋ္ဌ ဦးညီညီလွင်က ပြောသည်။

အခုဟာက ကျွန်တော်တို့တရားစွဲတယ်ဆိုတာက လွှတ်တော်ကျင်းပနေစဉ်ကာလအတွင်းမှာ ဒီပြဿနာဖြစ်တာမဟုတ်ဘူးလေ။ အဲ့တော့ လွှတ်တော်က ခွင့်ပြုတာတို့ခွင့်မပြုတာတို့ မရှိဘူးလေ။ အဲ့တော့ လွှတ်တော်ကာလမဟုတ်တဲ့အတွက် ဒါတရားစွဲဆိုခွင့်ကရှိတယ်လေဟု ၎င်းကပြောသည်။

နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ () တွင် အာမခံပေးခွင့်မရှိဟု ပြဋ္ဌာန်းထားပြီး တရားခွင်အတွင်း အာမခံမပေးရန် ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း တရားလိုရှေ့နေဒေါ်ရွက်နုအောင် ကပြောသည်။

 “ကျန်းမာရေးမကောင်းဘူးဆိုပေမယ့် ရုံးရှေ့ကိုတောင်မှ သန်သန်မာမာနဲ့ ရောက်နိုင်တဲ့အတွက် မပေးသင့်ဘူး ပြောတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်နေတဲ့အတွက် သူ့ရဲ့ဩဇာအာဏာက သက်ဆိုင်ရာဌာနတွေနဲ့လည်း ရင်းရင်းနှီးနှီးနေထ်ိုင်သွားလာနေတဲ့အတွက် သက်သေတွေကို ဖျက်နိုင်တဲ့အတွက် ကျွန်မတို့က အချက်နှစ်ချက်ပေါ်မှာမူတည်ပြီး အာမခံမပေးသင့်ကြောင်း လျှောက်ထားပေမယ့် ရုံးကတော့ အာမခံပေးလိုက်တယ်ဟု သူကပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ () တွင်နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်နှစ်နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီ ရက်နေ့ကိုပြန်လည်ချိန်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button