အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မှောင်ခိုလမ်းကြောင်းကလာတဲ့ မြန်မာတွေ ထိုင်းမှာ ဆက်တိုက်အဖမ်းခံနေရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာ၊ စစ်မှုထမ်းဥပဒေအကြောင်းပြ ဖမ်းဆီးမှုတွေကြောင့် လုံခြုံမှုမရှိတော့တာ စတဲ့အခြေအနေတွေကြောင့် လူငယ်အများအပြားဟာ ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြပါတယ်။ 

အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို အပေါ်လမ်း (ခေါ်) တရားဝင်လမ်းကြောင်းအပြင် အောက်လမ်းလို့ခေါ်ကြတဲ့ တရားမဝင် မှောင်ခိုလမ်းကြောင်းတွေကနေလည်း သွားလာနေကြရတာဟာ အများသိတဲ့ လျှို့ဝှက်ချက် ဖြစ်ပါတယ်။ 

အခုရက်ပိုင်းတွေထဲ ထိုင်း-မြန်မာနယ်စပ်မှာ ကျားမအရွယ်စုံ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး  ဆက်တိုက်ဆိုသလို ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံနေရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၉ ရက်မှာ ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်နဲ့ မဲဆောက်မြို့မှာ  မြန်မာနိုင်ငံသား ၂၁၇ ဦးအဖမ်းခံရပါတယ်။ အဖမ်းခံရသူတွေထဲ အသက် ၁၈နှစ်မပြည့်သေးသူတွေတောင် ပါတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် တော်လှန်ရေးနယ်မြေအသီးသီးကို ရောက်သွားတဲ့ လူငယ်တွေများစွာရှိသလို ပြည်ပနိုင်ငံတွေကို ရတဲ့နည်းနဲ့ထွက်ခွာကြသူတွေလည်း ရှိပါတယ်။ ငွေကြေးအခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာပဲ ဆက်လက်နေထိုင်ကြရသူတွေလည်း ရှိပါတယ်။ 

ကိုလှိုင်း/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button