-
သတင်း
ကရင်နီ ဒီးမော့ဆိုတွင် ဒရုန်းတိုက်ခိုက်ခံရ၊ ကလေး ၁ ဦး သေဆုံး
ကရင်နီတော်လှန်ရေးတပ် စိုးမိုးနယ်မြေ အတောင်ပံတပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင် မိဘမဲ့ကလေးဂေဟာ ထိမှန်ပြီး ကိုးနှစ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
-
သတင်း
တံတားဦးလေတပ် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး အနီးဝန်းကျင်ကို စစ်တပ်စစ်ကြောင်းဝင်
လေတပ်အခြေစိုက်စခန်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်တပ်က နွားထိုးကြီး နှင့်တံတားဦး မြို့နယ်နှစ်ခုအစပ် ကျေးရွာတို့ကို စစ်ကြောင်းထိုးနေရာ ယနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။
-
သတင်း
ကရင်နီရှိ နာမည်ကျော် သတ္တုတွင်းမြို့ကို စစ်တပ်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၆ ဦး သေဆုံး
ဗုံးကြဲလေယာဉ်နှစ်စီးက မော်ချီးမြို့ ကျောက်ကြား နေရာကို ကြဲချသည့်ဗုံးသည် လူနေအိမ် တစ်လုံးပေါ် တည့်တည့်သို့ကျသဖြင့် တစ်အိမ်တည်းနေ ကိုယ်ဝန်ဆောင်တဦးအပါအဝင် လူ ၆ ဦး သေဆုံးခဲ့သည်။
-
သတင်း
စစ်တပ် အာဏာမစွန့်သရွေ့လက်နက်ကိုင်နှင့် နိုင်ငံရေးတိုက်ပွဲများ ဆက်ရှိနေမည်ဟု KNU ဆို
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU က ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်တပ်၏ ရက် ၁၀၀ စီမံချက်အတွင်း နယ်မြေလေးခုတွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည်ဟု ပြောသည်။
-
သတင်း
မကွေးတိုင်း ပစ်ခတ်မှုအတွင်း အရှို(ချင်း)တော်လှန်ရေးခေါင်းဆောင်အပါအဝင် ၃ ဦး သေဆုံး
ထောက်ပို့စခန်းရှိရာ သွားနေသည့် အရှို(ချင်း)တပ်မှ လေးဦး စစ်ကြောင်းနှင့်တိုးကာ ပစ်ခတ်ခံရစဉ် သုံးဦး သေဆုံး၊ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။



