-
မြန်မာပြည်တွင်းက ပေးစာ
လွမ်းမိတယ် ဟိုတုန်းက မန်းမြေရဲ့လက်ဖက်ရည်ဆိုင်လေးတွေ
တချို့က တောခိုသွားကြတယ်။ တချို့ကပြည်ပရောက်ကုန်ကြတယ်။ တချို့ကျတော့လည်း ရပ်ဝေးမြေခြားကနေပြီး ဇာတိမြေကလက်ဖက်ရည်ဆိုင်လေးတွေနဲ့ အရင်အချိန်တွေကို လွမ်းဆွတ်နေကြဆဲပေါ့။ နိုင်ငံရေး လေပြင်းမုန်တိုင်းကြောင့် ကွဲကွာခဲ့ကြရပြီပေါ့။
-
သတင်း
ပြင်ဦးလွင် ရတနာပုံမြို့သစ်စီမံကိန်းဧရိယာမှ ဘုန်းကြီးကျောင်း ၁၄ ခု ဖယ်ရှားပေးရမည်
စစ်ဗိုလ်ချုပ်ကြီးများ အခြေပြုရာ မြို့တော်တွင် ၎င်းတို့ အကောင်အထည်ဖော်နေသော စီမံကိန်းဧရိယာအတွင်း ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းခိုင်းသည့်အထဲ ဘုရားစေတီ၊ တရားရိပ်သာ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများစသည့် ဘာသာရေးအဆောက်အအုံများ ပါဝင်နေသည်။
-
သတင်း
နိုင်ကျဉ်း ဦးဒိန်းဒေါင်ကို မြင်းခြံထောင်အစီအစဉ်ဖြင့်သာ မိသားစုက သင်္ဂြိုဟ်ရ
မြင်းခြံထောင်တွင် ထောင် ၂၄ နှစ်ချခံထားရသည့် ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရ၍ ကွယ်လွန်ခဲ့ပြီးနောက် မိသားစုဝင်များက ရုပ်အလောင်း ထုတ်ယူခွင့် မရကြောင်း သိရသည်။
-
သတင်း
တံတားဦးလေတပ် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး အနီးဝန်းကျင်ကို စစ်တပ်စစ်ကြောင်းဝင်
လေတပ်အခြေစိုက်စခန်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်တပ်က နွားထိုးကြီး နှင့်တံတားဦး မြို့နယ်နှစ်ခုအစပ် ကျေးရွာတို့ကို စစ်ကြောင်းထိုးနေရာ ယနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။
-
သတင်း
မြစ်ခြေ စစ်တပ်စခန်း တိုက်ခိုက်ခံရမှု ဗုံးကြဲတုံ့ပြန်၊ ၅ ဦးသေဆုံးပြီး ဒေသခံ ထောင်ချီတိမ်းရှောင်
မြို့အနောက်ဘက်တွင် အခိုင်အမာတပ်စွဲထားသော စစ်တပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် အနီးဝန်းကျင်ကို လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေရာ ဒေသခံ ငါးဦး သေဆုံးခဲ့သလို ခုနစ်ရွာခန့်မှ ဒေသခံ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။



