အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သာသနာတော်စာ‌မေးပွဲများကို သံဃာတချို့ သပိတ်မှောက်မည်

စစ်အာဏာသိမ်းမှုကို မနှစ်သက်သောကြောင့် စစ်ကောင်စီက ကျင်းပမည့် သာသနာတော်စာမေးပွဲကို စာချ၊ စာသင်သံဃာ‌တော်တချို့ ဝင်ရောက်မဖြေဆိုဘဲ သပိတ်မှောက်ရန် ပြင်ဆင်နေကြသည်။

မေလလယ်မှစ၍ တိပိဋက၊ ဓမ္မစရိယနှင့် မူ၊ ငယ်၊ လတ်၊ ကြီး သာ‌သနာတော်စာမေးပွဲများကို အစဉ်လိုက် ကျင်းမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သကဲ့သို့ သံဃာတော်တချို့က စာမေးပွဲကို သပိတ်မှောက်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီတိုင်းမှ စာချသံဃာတော်တစ်ပါးက မိန့်ကြားသည်။

“စစ်သူပုန်က ကျင်းပတဲ့စာမေးပွဲကြောင့် သူတို့ကို အစိုးရအဖြစ် တရားဝင်မသတ်မှတ်ဘူးလေ။ ဦးဇင်းတို့ကျောင်းက စာသင်သားတွေက No တဲ့၊ မဖြေဘူး၊ ပြတ်တယ်ပေါ့။ ကျန်တဲ့ဘက်က စာသင်သားတွေ၊ Facebook မှာ တွေ့ရတဲ့ ဦးဇင်းသူငယ်ချင်းတွေကလည်း မဖြေဘူးဆိုတဲ့အသံတွေ ထွက်တယ်” ဟု လုံခြုံရေးအရ ဘွဲ့အမည်မဖော်ပြလိုသည့် အဆိုပါဆရာတော်က မိန့်သည်။

စာသင်တိုက်ကြီးများစွာတည်ရှိရာ မန္တလေးမြို့တွင်လည်း ထိုသို့ သပိတ်မှောက်လိုသည့် သံဃာတော်အများအပြား ရှိနေသည့်အပြင် စာမေးပွဲများ ရပ်နားထားရန်လည်း မန္တလေးမြို့ ၅မြို့နယ် စာချသံဃာတော်များအဖွဲ့က တိုင်းသံဃနာယအဖွဲ့ဥက္ကဋ္ဌထံ စာပေးပို့လျှောက်ထားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် တိုင်းပြည်မငြိမ်းချမ်းသည့်အခြေအ‌နေတွင် စာသင်၊ စာချအလုပ်ကို လုံးဝရပ်နားထားရပြီး ထိုအခြေအ‌နေတွင် စာမေးပွဲကျင်းပခြင်းမှာ “သာသနာပြုလုပ်ငန်းလား၊ သာသနာဖျက်လုပ်ငန်းလား” ဆုံးဖြတ်ပေးရန် ဆရာတော်ကြီးများထံ လျှောက်ထားခဲ့သည်။

ကိုဗစ်နိုင်တင်းကြောင့် စာသင်၊ စာချလုပ်ငန်းများ မဆောင်ရွက်နိုင်သဖြင့် ပြီးခဲ့သည့် ၂၀၂၀ တွင် ဖြေဆိုအောင်မြင်ခဲ့သော စာသင်သားများ၏ အရည်အချင်းမှာ သာသနာတော်အတွက် အံ့ဩဖွယ်ကောင်းလောက်အောင် ကပြောင်းကပြန်ဖြစ်ခဲ့ကြောင်း အဆိုပါလျှောက်ထားစာတွင် တွေ့ရသည်။

ကိုဗစ်နိုင်တင်းကပ်ဘေးကို အရေးတကြီး တိုက်ဖျက်နေကြချိန်တွင် စစ်တပ်က အာဏာသိမ်းခြင်းကြောင့် ကပ်ရောဂါကာကွယ်ဆေးထိုးသည့် လုပ်ငန်းစဉ် ကမောက်ကမဖြစ်နေပြီး ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်နေရဆဲဖြစ်သည်။

မန္တလေးမှ သံဃသမဂ္ဂ၊ မြတောင်ကျောင်းတိုက်တို့ကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း နေ့စဉ် ဆန္ဒပြနေကြပြီး မိုးကောင်းကျောင်းတိုက်၊ မစိုးရိမ်တိုက်သစ်၊ မစိုးရိမ်တိုက်ဟောင်း စသည့် ကျောင်းတိုက်များကလည်း ပြည်သူများ ဘေးကင်းရေးအတွက် ပရိတ်ရွတ်ကာ ဆုတောင်းပွဲများ ပြုလုပ်နေသည်။ 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း နိုင်ငံတွင်း အခြေအနေဆိုးများကြောင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လုပ်ကိုင်ခြင်းကို လုံးဝရပ်ဆိုင်းထားရန် မတ်လလယ်ပိုင်းက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

စစ်တပ်ကို ဝေဖန်ခဲ့သော သံဃာများသည် အာဏာသိမ်းပြီးနောက်တွင် ပစ်မှတ်ထား ဖမ်းဆီးခံခဲ့ရသည်။ ဤအခြေအနေတွင်ပင် အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုကို နည်းတစ်မျိုးမျိုးဖြင့် ပါဝင်လှုပ်ရှား၊ ထောက်ပံ့ကူညီသည့် သံဃာများ ဆက်လက်ပေါ်ထွက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button