အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလွှာစုံပါဝင်သော စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး သပိတ်ကော်မတီ ဖွဲ့စည်း

စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ဖျက်ရေးအတွက်ဟု ရည်ရွယ်ပြီး နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော “စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ” ကို ယနေ့ စတင်ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရွှေဝါရောင်သံဃာကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) အပါအဝင် ၂၅ ဖွဲ့ပါဝင်သည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် သန်းချီပါဝင်သော လူထုဆန္ဒပြမှုများ ရက်ဆက်ဖြစ်ပေါ်နေသော်လည်း သပိတ်စစ်ကြောင်းများ၊ ကြွေးကြော်သံများက ကွဲပြားလျက်ရှိသဖြင့် ဘုံတူညီချက်များဖြင့် ဆက်လုပ်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က Myanmar Now ကို ပြောသည်။ 

“ဒီစစ်ကြောင်းတွေသာ ဆက်စပ်မိသွားလို့ရှိရင် နိုင်ငံရေးကြွေးကြော်သံလည်း တစ်ခုတည်းအောက်မှာ ဖြစ်သွားလို့ရှိရင် သိပ်ကောင်းမယ်လို့ ယူဆတယ်။ ဒီ သပိတ်က ဟန်ချက်ညီညီဖြစ်ဖို့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ချိတ်ဆက်ဖို့လိုမယ်။ ကြွေးကြော်သံတွေ တူဖို့လိုမယ်လို့ စဉ်းစားပြီးတော့ အခြေခံအားဖြင့် ဒါကို စုစည်းမှုလုပ်တာ ဖြစ်ပါတယ်။ ဒီကော်မတီက တစ်နိုင်ငံလုံးမှာ ရှိတဲ့ သပိတ်တွေကို ဦးဆောင်ဖို့ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်အာဏာရှင်ကျဆုံးရေးအတွက် ဒေသအလိုက် သပိတ်ကော်မတီများဖွဲ့စည်းခြင်း၊ CDM ပါဝင်သူများကို ကူညီပံ့ပိုးခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲများအား စုပေါင်းဖော်ဆောင်နိုင်ရေး၊ တိုက်ပွဲအရှိန်အဟုန် ထိန်းညှိခြင်း၊ လူထုလှုပ်ရှားမှုများအား စုပေါင်းကိုယ်စားပြုရေး စသဖြင့် မူဝါဒ (၅) ချက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု ကော်မတီက ယနေ့ ထုတ်ပြန်ထားသည်။

စစ်အာဏာရှင် တစ်ဖန်ပြန်လည်ရှင်သန်လာပါက တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသဖြင့် အဘက်ဘက်က နိမ့်ကျလာမည်ဖြစ်၍ ထိုသို့မဖြစ်လာရန် အာဏာရှင်တိုက်ဖျက်ရေးကို အရှိန်မြင့်ပြီး လုပ်ဆောင်သွားရေးအတွက် ဖွဲ့စည်းရခြင်းဟု အဆိုပါကော်မတီက ဆိုသည်။

စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်သည့်အပြင် စစ်အာဏာရှင် စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းနိုင်သည်အထိ စုပေါင်းတိုက်ဖျက်သွားမည်ဟု အဆိုပါ ကော်မတီက သန္နိဋ္ဌာန်ချထားကြသည်။

စစ်အာဏာရှင်ကို အမြှစ်ပြတ် တွန်းလှန်တိုက်ပွဲဝင်ရာတွင် “ကိုယ့်ပြည်သူတွေရဲ့ အင်အား၊ ကိုယ့်ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိကဖြစ်ပါတယ်”ဟု ဦးအောင်မိုးဇော်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles