အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အကျယ်ချုပ်ကျ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တပ်က ခေါ်သွား  

ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ရာဝင်းအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ယမန်နေ့ည၌ စစ်တပ်က လာရောက်ခေါ်ဆောင်သွားသည်ဟု ၎င်းအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါဝန်ကြီးအိမ်ရာတွင် နေထိုင်သော တိုင်းလူမှုရေးနှင့်စည်ပင်ဝန်ကြီး ဦးဟိုပင်၏ဇနီး ဒေါ်မာမာလွင်ကလည်း ဝန်ကြီးချုပ်၏အခြေအနေကို အတည်ပြုသည်။ 

“ဝန်ကြီးချုပ်ကို ညက ပြန်လာခေါ်သွားပါပြီ၊ စစ်ကားရယ်၊ ရဲကားနှစ်စီးရယ်။ သုံးစီးနှင့် ဝန်ကြီးချုပ်ကို ပြန်လာခေါ်သွားပါပြီရှင်” ဟု ဒေါ်မာမာလွင်က ပြောသည်။ 

ဝန်ကြီးချုပ်ဦးမောင်မြင့်ကို စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နံနက်အစောပိုင်းကတည်းက လာရောက်ဖမ်းဆီးခဲ့ပြီး နောက်နေ့ ဖေဖော်ဝါရီ ၂ တွင် ဝန်ကြီးချုပ်အိမ်အတွင်းပြန်ပို့ကာ နေအိမ်အကျယ်ချုပ် ချခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးမြင့်မောင်သည် တိုင်းသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဖြစ်ပြီး ယခင်ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် အဂတိမှုဖြင့် တာဝန်မှ ရပ်စဲခံရပြီးနောက် ၂၀၁၉ ၊ မတ်လအတွင်းကမှ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

လက်ရှိတွင် တိုင်းဒေသကြီးဝန်ကြီးအချို့ကိုလည်း ဆက်လက်ဖမ်းထားဆဲဖြစ်ပြီး ခင်ပွန်း ဦးဟိုပင်နှင့် ယနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဒေါ်မာမာလွင်က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်အမတ်များနှင့် အခြားတက်ကြွလှုပ်ရှားသူများကို စစ်တပ်က ထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းဖြစ်သည်။

နေအိမ်အကျယ်ချုပ်ကျနေသော  စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်က ခေါ်ထုတ်သွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button