အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုံခြုံရေး စိတ်မချဆိုကာ တောင်ကုတ်အမတ် ဦးမင်းအောင်ကို စစ်တပ်က ခေါ်ယူထိန်းသိမ်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်အတွက် ယမန်နေ့ကတည်းက ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် တောင်ကုတ်အမတ် ဦးမင်းအောင်နှင့် NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်တပ်က လာရောက်ခေါ်ဆောင်သွားသည်။

“ရဲစခန်းမှာ လူစုလူဝေးနဲ့လာပြီးတော့ လုပ်နေလို့ စိတ်မချလို့။ လုံခြုံရေးအရ စိတ်မချလို့ပါ” ဟု တောင်ကုတ်မြို့ မြို့နယ်မှူး ရဲမှူးသန်းနိုင်က ပြောသည်။ 

၎င်းတို့နှစ်ဦးကို လုံခြုံရေးအရ စစ်တပ်က ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ဆိုပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လတ်တလော မသိရသေးပေ။

ဦးမင်းအောင်တို့နှစ်ဦးအား ခွင့်ပြုချက်မဲ့ဆန္ဒပြသည်ဆိုသော ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉၊ ကိုဗစ်နိုင်တင်းဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေများဖြင့် တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး လုံခြုံရေးစိတ်ချရသည့်အခါ၌ ရဲစခန်းမှာ ထိန်းသိမ်းသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တောင်ကုတ်အမတ် ဦးမင်းအောင်ကို ပြန်လွှတ်ပေးရန် လူ ၁၀၀ ခန့်က တောင်ကုတ်ရဲစခန်းရှေ့တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၉) က လာရောက်တောင်းဆိုခဲ့ကြပြီး မိုးချုပ်မှသာ လူစုခွဲခဲ့ကြခြင်း ဖြစ်သည်။

ဦးမင်းအောင်တို့ကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားကြောင်းကို ယနေ့ (ဖေဖော်ဝါရီ ၁၀) နံနက်တွင် မနက်စာ သွားပို့သည့်အခါမှသာ သိရခြင်းဖြစ်သည်ဟု ဦးမင်းအောင်၏ ဇနီး ဒေါ်မြဝတ်ရည်က ပြောသည်။

“ဆန္ဒပြနေတာတော့ တစ်နိုင်ငံလုံး ပြနေတာပဲ။ ရခိုင်ပြည်နယ်မှာလည်း တခြားမြို့နယ်တွေမှာ ပြနေတာပဲ။ ဘာဖြစ်လို့ ကိုမင်းအောင်တို့ကိုမှ ဒီလိုမျိုးဖမ်းပြီးတော့ ချုပ်ထားရတာလဲ” ဟု ဒေါ်မြဝတ်ရည်က ပြောသည်။

ထိုသို့ နောက်နောင် မလုပ်ရန် ခံဝန်လက်မှတ်ထိုးပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့က ကမ်းလှမ်းခဲ့သော်လည်း ဦးမင်းအောင်က ငြင်းဆန်ခဲ့သည်ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တောင်ကုတ်မြို့နယ်တစ်ခုလုံးတွင် လူတစ်သောင်းခန့်သည် ယမန်နေ့က ဆန္ဒပြခဲ့ပြီးနောက် ဦးဆောင်သူများဖြစ်သည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို တောင်ကုတ် NLD ရုံး၌ နေ့လယ် ၁၁ နာရီခန့်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

မကြာသေးခင်မှ ရက္ခိုင့်တပ်တော် (AA) ၏ ဖမ်းဆီးထိန်းသိမ်းမှုမှ လွတ်မြောက်လာခဲ့သည့် NLD အမတ်နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သောကြောင့် ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button