အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ကောင်၌ သေနတ်ဖြင့် ပစ်ရာ အမျိုးသမီးတစ်ဦး သေဆုံး

ဘန်ကောက် – ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ကောင်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အမျိုးသီးတစ်ဦးသေဆုံးကာ လူတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်သည် Victory Monument အနီး Century Movies Plaza အတွင်းရှိ အလှပြင်ဆေးခန်းတစ်ခု၏ ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပဏာမအစီရင်ခံစာများကို ကိုးကား၍ Khaosod English သတင်းဌာနက ရေးသားထားသည်။ ယင်းနေရာသည် Rangnam လမ်းရှိ ခရီးသွားများဈေးဝယ်သည့် နေရာနှင့် အနည်းငယ်သာ ကွာဝေးသည်ဟု ပဏာမအစီရင်ခံစာမှာ ဖော်ပြထားသည်။

သေဆုံးသွားသူသည် ဆေးခန်းတွင် လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်အရွယ် ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးမှာ ၎င်း၏လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ သေနတ်ဖြင့် အနည်းဆုံး ခုနစ်ချက် ပစ်ခတ်ခဲ့သည်ဟု ရဲက ပြောသည်။

သဝန်တိုမှုနှင့်ဆိုင်သော အချင်းများမှုကြောင့် လူသတ်မှုဖြစ်ရသည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။ ရဲဌာန ပြောခွင့်ရှိသူ ကစ္စနာ ဖတ်တနချာရွန်ကမူ ဖြစ်နိုင်ခြေ တစ်ခုထက်မကရှိသည်ဟု ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပစ်ခတ်ပြီးနောက် သေနတ်သမားက ထွက်ပြေးသွားခဲ့ပြီး ရဲက သူ့ကို လိုက်ရှာနေသည်။

CCTV ရုပ်သံမှတ်တမ်းတစ်ခုတွင်မူ သေဆုံးသူအမျိုးသမီးထိုင်နေသည့် စားပွဲအနားသို့ သေနတ်သမား ချဉ်းကပ်သွားပြီးနောက် လက်ထဲကိုင်ထားသည့် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည်ကို မြင်ရသည်။

သံသယရှိသူမှာ အသတ်ခံခဲ့ရသူ၏ ခင်ပွန်းဟောင်း ဒါနုဆွန် နွန်ချာရွန် ဖြစ်သည်ဟု ဘန်ကောက်မက်ထရိုရဲမှူး ပက္ကပေါင် ပွန်ပီထရာက ပြောသည်။ ၎င်းတို့နှစ်ဦးသည် အိမ်ထောင်သက် ၁၀ နှစ်ရှိခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကမှ ကွာရှင်းခဲ့ခြင်း ဖြစ်သည်။ ဒါနုဆွန်သည် ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာတွင် လုံခြုံရေးဝန်ထမ်း လုပ်ခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ခိုရတ်မြို့တွင် စစ်သားတစ်ဦးက လူ ၂၀ ကျော်ကို ပစ်သတ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် အကြမ်းဖက်မှုကြောင့် အများပြည်သူလုံခြုံရေး နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လျက်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button