အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်ထိတ်နှင့် ထောင်ကို မကြောက်ဟု ဦးဝီရသူ ပြော

သာသနာရေးဦးစီးဌာနက တရားစွဲရန် အမှုတည်ဆောက်နေမှုနှင့် ပတ်သက်ပြီး ဦးဝီရသူက ထိန်းသိမ်းခံရမည်ကို စိုးရိမ်ခြင်းမရှိကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ယမန်နေ့က ပြောဆိုလိုက်သည်။

ရုရှား VK လူမှုကွန်ရက်ရှိ Ven-vicittar Bhivamsa စာမျက်နှာတွင် တင်လိုက်သော တစ်မိနစ်ခွဲကြာ ရုပ်သံဖိုင်တွင် ထိုသို့ တုံ့ပြန်ထားခြင်း ဖြစ်သည်။

“အမျိုးသားရေးလုပ်နေတာ၊ ဘယ်သူ့ဘယ်သူကိုမှ အကောက်မကြံဖူးဘူး။ ဒုစရိုက်ကို အင်မတန်ကြောက်ပါတယ်၊ အကုသိုလ်ကို အင်မတန်ကြောက်ပါတယ်။ ထောင်ကို မကြောက်တမ်း၊ လက်ထိတ်ကို မကြောက်တမ်း တရားတွေ ဟောနေတယ်” ဟု ဦးဝီရသူက ဖယောင်းတိုင်ကိုင်ကာ ပြောဆိုထားသည်။

ငွေရေးကြေးရေး အပေးအယူမပါဘဲ ယုံကြည်ချက်သက်သက်ဖြင့် လုပ်ဆောင်မှုများအတွက် ထောင်ကို မကြောက်၊ အမှောင်ကိုသာ ကြောက်သောကြောင့် တစ်ကိုယ်တော် ဖယောင်းတိုင်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီကာလများအတွင်း ဦးဝီရသူ၏ ဟောပြောချက်များထဲတွင် ဧပြီ ၂၉ ရက်နေ့ တနင်္သာရီတိုင်းဒေဒေသကြီး၊ မြိတ်မြို့ဟောပြောချက်မှာ လူပြောအများဆုံး ဖြစ်သည်။

ထိုစဉ်က ဟောပြောချက်ထဲတွင် အစိုးရနှင့် အစိုးရခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်ပြီး ပြင်းထန်သည့် ပြောဆိုချက်များ ပါဝင်သည်။

ဦးဝီရသူ၏ မြိတ်မြို့ပြောဆိုချက်များထဲတွင် “အရင်လူတွေခိုးတာက မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတသစ်ပင်လေးတွေပဲ ခိုးတာ၊ အခုလူတွေက ပြည်သူ့ပါးစပ်ထဲက နှိုက်ပြီး ခိုးတာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာဖွေထားတာတွေကို အခွန်ကောက်၊ အဲဒီအခွန်တွေကို ဘတ်ဂျက်တွေတိုးတောင်း၊ အကုန် သူခိုးတွေချည်းပဲ။ ရိုးရိုးခိုးတာ မဟုတ်ဘူး၊ နှိုက်ခိုးတာ”  ဟု ပါဝင်သည်။

မေ ၅ ရက်နေ့ကလည်း  အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးအတွက် ပြုလုပ်သော ရန်ကုန် မြို့တော်ခန်းမရှေ့ဟောပြောပွဲတွင် ဦးဝီရသူက လွှတ်တော်တွင်းမှ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။

၂၀၁၇ မတ်လတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန်ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းကြောင့် တရားဟောခွင့် ၁ နှစ် ပိတ်ပင်လိုက်သည်။ ၂၀၁၈ ဖေဖော်ဝါရီတွင် Facebook က ဦးဝီရသူကို အမုန်းစကားဖြန့်သည်ဟုဆိုကာ ၎င်းတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့်ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button