အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဝီရသူကို ၆၆ (ဃ)၊ ၅၀၅ တို့ဖြင့် တရားစွဲနိုင်ခြေရှိဟု သာသနာရေးဌာနပြောကြား

အစိုးရကို ပြင်းပြင်းထန်ထန် ပြောဆိုမှုများနှင့် ပတ်သက်ပြီး ဦးဝီရသူကို အရေးယူရန် အမှု တည်ဆောက်လျက်ရှိရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲနိုင်ခြေရှိသည်ဟု သာသနာရေးဦးစီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ယနေ့ ပြောသည်။

သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ဒုတိယညွှန်ကြားမှူးချုပ်ဦးထွန်းညွန့်တို့က တရားလိုပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“များသောအားဖြင့်တော့ ၆၆ ဆိုတာလည်း ထင်ပေါ်တယ်လေ။ အကြည်ညိုပျက်အောင်ပြောတဲ့ ဟာတွေကလည်း  ၅၀၅ က၊ ခ ပေါ့။ အကြမ်းဖျင်းတော့ အဲ့ဒီလောက်ပဲ မှန်းတတ်တယ်။ ကျန်တာ ဘယ်ဟာတွေနဲ့ အကျုံးဝင်လဲ ကျွန်တော်တို့ မသိဘူး”ဟု ဦးဇာနည်ဝင်းက ဆိုသည်။

ဥပဒေပညာရှင်က ဆုံးဖြတ်သည့်အတိုင်း တရားစွဲမည်ဖြစ်ပြီး ထိုသို့ စွဲဆိုမှုကို တရားသူကြီးက ဆင်ခြင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သူက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မကြာသေးမီ ကာလများအတွင်း ဦးဝီရသူ၏ ဟောပြောချက်များထဲတွင်  ဧပြီ ၂၉ ရက်နေ့ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ဟောပြောချက်မှာ လူပြောအများဆုံး ဖြစ်သည်။

ထိုစဉ်က ဟောပြောချက်ထဲတွင် အစိုးရနှင့် အစိုးရခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်ပြီး ပြင်းထန်သည့် ပြောဆိုချက်များ ပါဝင်သည်။

ဦးဝီရသူ၏ မြိတ်မြို့ ပြောဆိုချက်များထဲတွင် “အရင်လူတွေခိုးတာက မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတ သစ်ပင်လေးတွေပဲ ခိုးတာ၊ အခုလူတွေက ပြည်သူ့ပါးစပ်ထဲက နှိုက်ပြီး ခိုးတာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာဖွေထားတာတွေကို အခွန်ကောက်၊ အဲဒီအခွန်တွေကို ဘတ်ဂျက်တွေ တိုးတောင်း၊ အကုန် သူခိုးတွေချည်းပဲ။ ရိုးရိုးခိုးတာ မဟုတ်ဘူး၊ နှိုက်ခိုးတာ”  ဟု ပါဝင်သည်။

မေ ၅ ရက်နေ့ကလည်း  အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးအတွက် ပြုလုပ်သော ရန်ကုန် မြို့တော်ခန်းမရှေ့ ဟောပြောပွဲတွင် ဦးဝီရသူက လွှတ်တော်တွင်းမှ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။

၂၀၁၇ မတ်လတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းကြောင့် တရားဟောခွင့် တစ်နှစ် ပိတ်ပင်လိုက်သည်။  ၂၀၁၈ ဖေဖော်ဝါရီတွင် Facebook က  ဦးဝီရသူကို အမုန်းစကား ဖြန့်သည်ဟု ဆိုကာ ၎င်းတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button